1. Home
  2. International News

စင်ကာပူနိုင်ငံတွင် အမျိုးသမီးတစ်ဦး တောဝက်ပက်ခံရ

International News ส.ค. 29, 2561 view 1,658

သြဂုတ်လ ၂၈ (အင်္ဂါ)နေ့က စင်ကာပူနိုင်ငံ ပွန်ဂိုလ်ရပ်ကွက်တွင် အမျိုးသမီးတစ်ဦး တောဝက်အပက်ခံခဲ့ရသဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။
အဆိုပါဖြစ်စဉ်ဟာ ပွန်ဂိုလ်အလယ်တန်းကျောင်းအနီးတွင် ဖြစ်ပွားခဲ့ပြီး မြို့တော်ကိုအဆင့်မြင်တင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရှင်းလင်းထားသည့် နေရာတစ်ဝိုက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တောဝက်ပက်ခံရသူအမျိုးသမီးမှာ အသက် ၃၀ ဝန်းကျင်ဖြစ်ပြီး အလယ်တန်းကျောင်းက ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း စင်ကာပူနိုင်ငံထုတ် စထရိတ်တိုင်းမ်းသတင်းစာတွင် ဖော်ပြထားသည်။

တောဝက်ပက်ခံရမှုကြောင့် သူမ၏ ညာဘက်ခြေထောက် ဒူခေါင်းနားလောက်မှ စတင်၍ စုတ်ပြဲဒဏ်ရာရရှိခဲ့သည်။ တောဝက်ကိုတော့ တိရိစ္ဆာန်ဆိုင်ရာ သုတေသနနဲ့ပညာပေး ဝန်ထမ်းများမှ အနီးနားရှိ ကွန်ဒိုမီနီယံ အဆောက်အဦနားမှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ဒဏ်ရာရရှိသူအမျိုးသမီးကို “ကူးတက်ပေါက်” ဆေးရုံသို့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်မှာ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

ကျွန်တော်တို့ သိရသလောက်တော့ အဲဒီတောဝက်ဟာ ကွန်ဒိုမီနီယံနား မကြာခဏ လာတတ်တယ်” ဟု တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ မစ္စတာကာလီဗာနန် က ဆိုပါတယ်။ အဲဒီတောဝက်ဟာ ဆရန်ဂွန်းရီဆားဗီးယား ရဲ့ အရှေ့ဘက်ကမ်းရိုးတန်း လိုရန်းဟားလပ်စ် ကနေ ရောက်လာတာဖြစ်နိုင်ကြောင်း အဆိုပါနေရာဟာ တောအုပ်ရှိတဲ့နေရာဖြစ်တယ်လို့ သူက ဆက်ပြီးပြောကြားပါတယ်။

လူတွေက အဲဒီတောဝက်ကို အစာကျွေးကြတာတွေကလည်း ဒီကိစ္စဖြစ်လာဖို့ အကြောင်းတွေပေါ့၊ တစ်ခုခုကို အပြစ်ပုံရမယ်ဆိုရင်တော့ ဒီနားတစ်ဝိုက်မှာ မြို့တော်အဆင့်မြှင့်တင်ရေးအတွက် တောရှင်းလိုက်တာကိုပဲ အပြစ်တင်ရတော့မှာပဲ” လို့ဆိုပါတယ်။

လတ်တလောမှာတော့ နိုင်ငံသားတွေကို တောဝက်အန္တရာယ်ကနေ ရှောင်နိုင်အောင် သတိပေးနှိုးဆော်မှုတွေ ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။
 



Follow us on