1. Home
  2. International News

၂၀၁၉ မှစတင်၍ မှတ်ပုံတင်နံပါတ်ရယူခြင်း/မိတ္တူကူးယူခြင်းတို့ ဥပဒေနဲ့ညိစွန်း

International News ส.ค. 31, 2561 view 1,960

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ အဖွဲ့အစည်းအများအနေနဲ့ လူတစ်ယောက်ရဲ့ နိုင်ငံသားစိစစ်ရေးကတ် အမှတ်ကို စုဆောင်းခြင်း၊ ကတ်ပြားကို မိတ္တူကူးယူထားခြင်းတို့ ပြုလုပ်ပါက တရားဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံတွင် ကိုယ်ရေးအချက်အလက်ကာကွယ်ရေး ကော်မရှင်က သြဂုတ်လ ၃၁ ရက်နေ့ ဥပဒေထုတ်ပြန်ကာ အသိပေးပြောကြားလိုက်သည်။

ကိုယ်ရေးအချက်အလက်ကာကွယ်ရေး ကော်မရှင်က အသစ်ထုတ်ပြန်လိုက်သော ဥပဒေတွင် လူတစ်ဦး၏ စိစစ်ရေးကတ်ပြား NRIC အမှတ်ကို ဈေးကွက်စုဆောင်းရေးအရသော်၎င်း၊ ကံစမ်းမဲ၊ အသင်ဝင်ခွင့် အစရှိသည်တို့အတွက် အကြောင်းတစ်ခုခုပြကာ ကောက်ယူမည် မိတ္တူကူးယူထားခြင်းတို့ဟာ တရားမဝင်ဖြစ်လို့ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

ဒီနေ့ခေန်လို ဒီဂျစ်တယ်စီပွားရေး ထွန်းကားလာတဲ့ ခေတ်ကြီးထဲမှာ လူတစ်ဦးရဲ့ မှတ်ပုံတင်ကို အရမ်းကာရော ကောက်ယူတာ၊ ထိန်းသိမ်းဖို့ ပျက်ကွက်တာတွေက မျှော်လင့်ထားလို့မရနိုင်တဲ့ အန္တရာယ်တွေနဲ့ နီးကပ်ပါတယ်။ ဒီလိုတွေ လုပ်တာကြောင့် မှတ်ပုံတင်နံပါတ်တွေနဲ့ တရားမဝင်တဲ့ ကိစ္စတွေလုပ်ခံရတာမျိုး၊ အလွဲသုံးစားလုပ်ပြီး လိမ်လည်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်” လို့ ကော်မရှင်က ယနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီဥပဒေနဲ့ ပက်သက်ပြီး ကုမ္ပဏီတွေကိုလည်း သတိပေးထားကာ ဥပဒေအရ လူတစ်ယောက်ရဲ့ မှတ်ပုံတင်ကို မလိုအပ်ပဲ လက်ဝယ်ကိုင်ကြည့်တာမျိုးတောင် ခွင့်မပြုတော့ဘူးလို့ ဆိုပါတယ်။ လာမယ့် ၂၀၁၉ စက်တင်ဘာ ၁ ရက်နေ့က စတင်ပြီး အသက်ဝင်မှာဖြစ်ပါတယ်။
ရုပ်ရှင်လက်မှတ်ဝယ်တာ စက်ဘီးငှားရမ်းတာ စတဲ့ အခြေခံကိစ္စတွေမှာတောင် မှတ်ပုံတင်နံပါတ် ကောက်ယူခွင့်မပြုတော့ပါဘူး။

သို့ပေမယ့်လည်း အဆိုပါဥပဒေမှာ ချွင်းချက်တွေတော့ ရှိပါသေးတယ်။ တရားဥပဒေအရ လူတစ်ယောက်ရဲ့ မှတ်ပုံတင်နံပါတ်ကို မသိလို့မဖြစ်တဲ့ ကိစ္စမျိုးတွေ ဥပမာအားဖြင့် ဖုန်းလိုင်း အသစ်လျှောက်ထားတာ၊ ဟိုတယ်တည်းခိုတာ၊ ဆရာဝန်နဲ့ တွေ့ဖို့ ရက်ချိန်းရယူတာ စတဲ့ ကိစ္စတွေမှာတော့ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် ကိုယ်ရေးအချက်လက်တွေကို မပေါက်ကြားအောင် ထိန်းသိမ်းဖို့တော့ လေးလေးနက်နက် တာဝန်ယူရပါတယ်။ အကယ်၍ ဒီဥပဒေတွေကို ချိုးဖောက်ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိရင်တော့ ဒဏ်ငွေအဖြစ် စင်ကာပူဒေါ်လာ ၁ သန်း ပေးဆောင်ရမှာဖြစ်ပါတယ်။

မှတ်ပုံတင်အမှတ်နဲ့ ပက်သက်ပြီး ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်မှာ အခြားနိုင်ငံသားတွေရဲ့ မှတ်ပုံတင်အမှတ်၊ မွေးစာရင်းအမှတ်၊ အလုပ်လုပ်ခွင့်အမှတ် (work permit No.) တွေပါ အကျုံးဝင်ပါတယ်။

နိုင်ငံကူးလက်မှတ်နဲ့ ပက်သက်ပြီး အကယ်၍ တရားစီရင်ရေးနဲ့ဆိုင်တဲ့ ကိစ္စမျိုးကလွဲပြီး အဖွဲ့အစည်းတွေအနေနဲ့ နံပါတ်အားလုံးကို ရယူစုဆောင်းခြင်းမပြုပဲ နောက်ဆုံးနံပါတ် ၃ လုံးကိုသာ ရယူရန် ကော်မရှင်က တိုက်တွန်းထားပါတယ်။
 



Follow us on