1. Home
  2. International News

အမျိုးသမီးကြီးတစ်ဦး ယာဉ်တိုက်ခံရကာ ဂုံးကျော်တံတားအောက် လွှင့်ကျသေဆုံး

International News ก.ย. 03, 2561 view 1,772

စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက အသက် ၆၈ နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦးအား SUV အမျိုးအစားယာဉ်တစ်စီးမှ အရှိန်နှင့် ဝင်တိုက်မိခဲ့သဖြင့် မြောက်တက်သွားကာ ဂုံးကျော်တံတားအောက် ပြုတ်ကျပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

မစ္စစ် သရာပတ်ဗီပွန်ပေါင်း ဆိုသူ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးကြီးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချလောင်ရတ် အဝေးပြေးလမ်းမကြီးပေါ်တွင် သူမစီးနင်းလာသော စီဒင်ကားမှာ ပျက်နေသဖြင့် ကားနဘေးတွင် မတ်တပ်ရပ်ကာ ကာပြုပြင်ရေးအဖွဲ့ကို စောင့်ဆိုင်းနေစဉ် တိုရိုတာ ဖော်ကျူနာ SUV အမျိုးအစားကားတစ်စီးမှ အရှိန်မထိန်းနိုင်ပဲ ဝင်တိုက်ခဲ့သဖြင့် တံတားအောက်သို့ ပြုတ်ကျခဲ့ပြီး မြေပြင်နဲ့ရိုက်ကာ နေရာတင် သေဆုံးသွားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် အသက် ၃၅ နှစ်အရွယ် သူမ၏ သမီးဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် SUV မောင်းနှင်သူ အသက် ၃၄ နှစ်အရွယ် မစ္စနတ်ချာနရတ် ဖရိုမာနာ ဆိုသူ အမျိုးသမီးအား ဖမ်းဆီးထိမ်းသိမ်းထားကြောင်း ထိုင်းမီဒီယာများတွင်ဖော်ပြပါရှိသည်။


 



Follow us on