1. Home
  2. International News

မလေးရှားအမျိုးသမီးနှစ်ဦး အချင်ချင်းလိင်ဆက်ဆံမှု ကြိမ်ဒဏ်ပေးခံရ

International News ก.ย. 04, 2561 view 1,804

လိင်တူချစ်ကြိုက်နေသော အမျိုးသမီးနှစ်ဦး ကားထဲတွင် လိင်ဆက်ဆံခဲ့တာကြောင့် မလေးရှားနိုင်ငံရဲ့ ဘာသာရေးဥပဒေ(ရှာရီရာ)နဲ့ အရေးယူခံခဲ့ရပါတယ်။ ဘာသာရေးတရားရုံးရဲ့ အဆုံးအဖြတ်အရ အမျိုးသမီး နှစ်ဦးကို ကြိမ်ဒဏ်နဲ့ ငွေဒဏ်များ အသီးသီးချမှတ်ခဲ့သဖြင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ဒီပြစ်ဒဏ်ဟာ ရက်စက်ပြီး မရားဘူးလို့ ဝေဖန်ပြောဆိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အသက် ၂၂ နှစ်နဲ့ ၂၃ နှစ်အရွယ် အစ္စလာမ်ဘာသာဝင် အမျိုးသမီးနှစ်ဦးကို မလေးရှားနိုင်ငံ ထရန်ဂါနူးပြည်နယ်ရှိ လူမြင်ကွင်းနေရာ ကားထဲမှာ လိင်ဆက်ဆံနေကြတာ တွေ့ရှိခဲ့တဲ့အတွက် ဧပြီလက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သူတို့နှစ်ဦး မည်သူမည်ဝါတွေဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် အစ္စလာမ်ဘာသာရေးဥပဒေအရ နှစ်ဦးစလုံးကို ကြိမ်ဒဏ် ၆ ချက်စီနဲ့ ငွေဒဏ် မလေးရှားရင်းဂစ် ၃,၃၀၀ (ကျပ် ၁၂ သိန်ကျော်) ပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
အမျိုးသမီးနှစ်ဦးလုံးကို ကွာလာထရန်ဂါနူးရှိ ရှာရီရာဟိုက်ကုတ်(ဘာသာရေးတရားရုံး)မှာ ကြိမ်ုဏ်ပေးခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားခဲ့ပါတယ်။


 
 



Follow us on