1. Home
  2. International News

ဆိုင်ကယ်စီးဦးထုတ် မပါလျှင် စက်သုံးဆီ လုံးဝမရောင်းပေးရန် ဥပဒေထုတ်ပြန်

International News ก.ย. 05, 2561 view 1,752

မော်တော်ဆိုင်ကယ်စီးသူများ အနေနဲ့ ဆိုင်ကယ်စီးဦးထုတ်မပါလျှင် စက်သုံးဆီလုံးဝ ရောင်းချပေမည် မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ရဲအရာရှိက ပြောကြားခဲ့သည်။

အဆိုပါ လုပ်ဆောင်မှုသည် ပြီးခဲ့သည့်လက မြိုတော်အနီးတဝိုက်ရှိ လူပေါင်း သန်း ၂၀ ခန့်က လမ်းများညံ့ဖျင်းပြီး လုံခြုံစိတ်ချရမှုမရှိကြောင်း ဆန္ဒပြခဲ့မှုအပေါ် အခြေတည်ပြီး ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဆိုင်ကယ်ဦးထုတ် မပါတဲ့သူတွေကို ဓါတ်ဆီရောင်းချ မပေးရန် အာဏာပိုင်များက ညွှန်ကြားထားပြီးဖြစ်ကြောင်း ဆီဆိုင်ပိုင်ရှင်တစ်ဦးက စက်တင်ဘာ ၄ ရက်နေ့က ပြောကြားခဲ့သည်။
၎င်းအပြင် ဆိုင်ကယ်တစ်စီးလျှင် လူနှစ်ဦးသာ စီးနင်းခွင့်ရှိပြီး နောက်ကလိုက်စီးသူကလည်း ဆိုင်ကယ်စီးဦးထုတ်ဆောင်ရမည်ဟု ညွှန်ကြားချက်တွင် ပါရှိသည်။

လွန်ခဲ့သောလက အရှိန်နှင့်မောင်းနှင်လာသော ဘတ်စ်ကားတစ်စီး လူသွားစင်္ကြန်ပေါ်က ဆယ်ကျော်သက် နှစ်ဦးကို တိုက်မိပြီး သေဆုံးခဲ့ပြီးနောက် ဒါကမြို့အပါအဝင် အနီးနားရှိမြို့များမှ သန်းနဲ့ချီတဲ့ လူအုပ်ကြီးက ဆိုးရွားနေတဲ့ မြို့တော်လမ်းများ အမြန်ဆုံးပြုပြင်ပေးရေး၊ လမ်းပန်းဆက်သွယ်ရေးဌါန၏ အဂတိလိုက်စားမှုများကို သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။

အဆိုပါသပိတ်ကြောင့် ဝန်ကြီးချုပ် ရှိတ်ခစီနာ က ဥပဒေချိုးဖောက်သူများကို ပြင်းထန်စွာ အရေးယူမည့် လမ်းပန်းဆက်သွယ်ရေး ဥပဒေသစ်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမြန်လမ်းမတွေဟာ သုဿန်တစပြင်သဖွယ် နှစ်စဉ် လူပေါင်း ၁၂,၀၀၀ ဝန်းကျင်သေဆုံးလျှက်ရှိကြောင်း မတော်တဆမှုများကို စောင့်ကြည့်နေသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုက ပြောကြားခဲ့သည်။



Follow us on