1. Home
  2. International News

ဖိလစ်ပိုင်မြို့တော်ဝန် သူ၏ရုံးခန်းထဲ၌ လုပ်ကြံခံရ

International News ก.ย. 06, 2561 view 1,544

ဖိလစ်ပိုင်နိုင်ငံ ရွန်ဒါမြို့၏ မြို့တော်ဝန်ဖြစ်သူ “မာရီရာနို ဘလန်ကို” ကို စက်တင်ဘာ ၅ ရက် (ဗုဒ္ဓဟူးနေ့)က သူ့ရဲ့ရုံခန်းထဲမှာ သေနတ်ဒဏ်ရာများနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။

မြို့တော်ဝန် “မာရီရာနို ဘလန်ကို” ဟာ ဖိလစ်ပိုင်သမ္မတဒူတာတေးရဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေသည့် အစိုးရအရာထမ်းစာရင်းမှာ ပါဝင်နေခဲ့သူလည်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရအရာရှိဝန်ထမ်းတွေ မကြာခဏဆိုသလို လုပ်ကြံသတ်ဖြတ်ခံနေရတာ ထုံးစံတစ်ခုလိုဖြစ်နေပါတယ်။

အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ မြို့တော်ဝန် “ဘလန်ကို” ကို ညနက်သန်းခေါင်အချိန်မှာ အထောက်အထားမပြနိုင်သော သေနတ်သမားများက သူ့ရဲ့ရုံးခန်းထဲဝင်လာပြီး ပစ်သတ်သွားတာဖြစ်ကြောင်း ဒေသခံရဲအရာရှိက ဆိုပါတယ်။

မျက်မြင်သက်သေတွေ ပြောတာကတော့ လူ​ ၄ ယောက် လက်နက်တွေကိုင်ကာ ဗင်ကားပေါ်က ဆင်းပြီးနောက် မြူနီစပယ်ရုံးထဲ ဝင်သွားတယ်၊ အဲဒီနေ့ညကလည်း မြို့တော်ဝန်ကလည်း သူရဲ့ရုံးခန်းထဲမှာ အိပ်ပျော်နေတယ်” ဟု စုံစမ်းစစ်ဆေးရေးအရာရှိ ဂျေပလာကွန် က သတင်းမီဒီယာများကို ဖြေကြားခဲ့ပါတယ်။
ဒါပေမယ့် မြို့တော်ဝန်ဟာ အိမ်မပြန်ပဲ ဘာအတွက် သူ့ရဲ့ရုံးခန်းထဲမှာ ညအိပ်ခဲ့တာလည်း ဆိုတာကိုတော့ ရှင်းလင်းစွာမသိခဲ့ရပါဘူး။

မြို့တော်ဝန် “မာရီရာနို ဘလန်ကို” ဟာ ဖိလစ်ပိုင်သမ္မတဒူတာတေးရဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်နေသည့် အစိုးရအရာထမ်းစာရင်းမှာ ပါဝင်နေခဲ့သူလည်းဖြစ်တယ်လို့ ဖိလစ်ပိုင် မူးယစ်နှိပ်နင်းရေးအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။

သမ္မတဒူတာတေး ဟာ သမ္မတာဝန်ထမ်းဆောင်ခါစ အချိန်ထဲက မူးယစ်ဆေးနဲ့ ပက်သက်ပြီး အမြစ်ဖြတ်တိုက်မယ်လို့ ကြေညာခဲ့သူဖြစ်ပြီး အမှန်တစ်ကယ်လည်း မညှာမတာကိုင်တွယ်ဖြေရှင်းခဲ့သူဖြစ်ပါတယ်။ အစိုးရဝန်ထမ်းထဲမှ မူးယစ်ဆေးနဲ့ ပက်သက်သူ အကြီးအကဲများကိုလည်း ရပ်တန်းကရပ်ဖို့ သတိပေးခဲ့ပြီး ဆက်လုပ်နေပါက ကြေးစားငှားပြီး သတ်ခိုင်မည်ဖြစ်ကြောင်း ထင်ထင်ပေါ်ပေါ် သတိပေးခဲ့သူလည်း ဖြစ်ပါတယ်။
 



Follow us on