1. Home
  2. International News

ဒေါ်လာ ၁ ဘီလီယံတန် Facebook ဒေတာစင်တာတစ်ခု စင်ကာပူတွင်ဆောက်မည်

International News ก.ย. 06, 2561 view 1,533

Fcaebook က ​​ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီးမြုတ်နှံပြီး အာရှ၏ ပထမဦးဆုံး ဒေတာစင်တာအဖြစ် စင်ကာပူနိုင်ငံတွင် တည်ဆောက်မည်ဖြစ်ကြောင်း စက်တင်ဘာ ၅ ရက် (ကြာသပတေးနေ့) က ပြောကြားလိုက်သည်။

အဆိုပါ ဒေတာစင်တာကို ၂၀၂၂ ခုနှစ်တွင် အပြီးသတ်လ်ာပတ်နိုင်ရန် တည်ဆောက်သွားမည်ဖြစ်ပြီ Facebook ၏ အချက်လက်များ သိုလှောင်ထားရာ ဆာဗာအဖြစ်နဲ့အတူ နည်းပညာလုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်ကြောင်း Facebook ၏ ဒေတာစင်တာတည်ဆောက်ရေး ဒုဥက္ကဋ္ဌ သောမတ်စ်ဖာလောင်း(Thomas Furlong) က ပြောကြားခဲ့သည်။

ဧရိယာအကျယ်အဝန်း ၁၇၀,၀၀၀ စတုရန်းမီတာတွင် ၁၁ မြင့်အဆောက်အဦအဖြစ် တည်ဆောက်မည်ဖြစ်ပြီး စင်ကာပူနိုင်ငံရဲ့ ဒေသတွင်း ရာသီဥတုကို စွမ်းအင်အဖြစ်ပြန်လည် အသုံးပြုကာ တည်ဆောက်သွားမည်ဖြစ်ပြီး လိုအပ်တဲ့ အအေးချိန်ရရှိဖို့ လေအစား ရေကို အသုံးပြုသွာမည်ဖြစ်ပြီး အဆောက်အဦရဲ့ မျက်နှာစာကို လေဝင်လေထွက်ကောင်းအောင် အပေါက်သဖွယ်တည်ဆောက်သွားမည်ဟု သောမတ်စ် က ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလီယံ ကုန်ကျမည့် ဒေတာစင်တာရဲ့ ဒီဇိုင်းဟာ Facebook ကိုယ်တိုင် တည်ဆောက်မည့် ပထမဦးဆုံး ဒေတာစင်တာလည်းဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ တည်ဆောက်ရတာနဲ့ပက်သက်ပြီး လိုအပ်တဲ့အခြေခံအဆောက်အဦတွေ ခိုင်ခိုင်မာမာရှိတာရယ်၊ ကျွမ်းကျင်ပညာရှင်တွေ အဆင်သင့်ရှိနေတာရယ်၊ အစိုးရနဲ့ အလုပ်လုပ်ကိုင်ရတာ စိတ်ချမ်းသာ ချောမွေ့မှုရှိတာကြောင့် စင်ကာပူနိုင်ငံကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံမှာ ဂူဂဲလ်ကလည်း သူ့ရဲ့ဒေတာစင်တာ နှစ်ခုတည်ဆောက်ထားပြီးဖြစ်ပြီး တတိယမြောက်ဒေတာစင်တာကို စတင်တည်ဆောက်ဖို့ လုပ်ဆောင်နေပြီး ဒေါ်လာသန်း ၈၅၀ လောက် နိုင်ငံတွင်းမှာ ရင်းနှီးမြုတ်နှံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

REF:AFP
 



Follow us on