တရုပ်နိုင်ငံမှ အလီဘာဘာအုပ်စု စီးပွားရေးလုပ်ငန်းများရဲ့ ဦးဆောင်သူ သူဌေးကြီး ဂျက်မား က လက်တလောတွင် အငြိမ်းစားယူဦးမည် မဟုတ်သေးသော်လည်း လက်ရှိ ဥက္ကဋ္ဌနေရာကို ကုမ္ပဏီရဲ့ စီအီးအိုဖြစ်သူ “ဒန်နီရယ်လ်ကျန်း” အား လာမည့်နှစ်တွင် လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
စက်တင်ဘာလ ၁၀ ရက် (ယနေ့) ထုတ်ပြန်ကြေညာချက်အရ “ဒန်နီရယ်လ်ကျန်း”ဟာ ကုမ္ပဏီရဲ့ စီအီအို တာဝန်ယူခဲ့ပြီး ၁၂ လတိတိအကြာမှာ ကုမ္ပဏီကို အာရှမှာ တန်ဖိုးအကြီးဆုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်မှာတော့ ဂျက်မား အနေနဲ့ အလီဘာဘာရဲ့ ဘုတ်အဖွဲ့ဝင်အဖြစ် နှစ်ပတ်လည် အစည်းအဝေးများကို ရှယ်ယာရှင်များနဲ့အတူ ရှိနေဦးမည်ဖြစ်ကြောင်း၊ ဂျက်မား အနေနဲ့ သူ့ရဲ့ အသက် ၅၅ နှစ်မြောက်မွေးနေ့မှာ အငြိမ်းစားယူရန် စီစဉ်ထားပါတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဂျက်မား က အလီဘာဘာကုမ္ပဏီကို တရုပ်ပြည်မှာ အင်အားအကြီးဆုံးဖြစ်အောင် စွမ်းဆောင်ခဲ့ပြီးနောက် နိုင်ငံခြားဈေးကွက်တွေဖြစ်တဲ့ အရှေ့တောင်အာရှနဲ့ ရုရှားတို့ကို စတင်ထိုးဖောက်နိုင်ခဲ့ပါတယ်။
အခုဆိုရင် အလီဘာဘာကုမ္ပဏီဟာ ဥက္ကဋ္ဌသစ် “ဒန်နီရယ်လ်ကျန်း” နဲ့အတူ စီမံခန့်ခွဲသူ ၃၅ ဦးတို့ရဲ့ အပေါ်ကို လွဲပြောင်း ကျရောက်တော့မှာဖြစ်ပါတယ်။
“ဒန်နီရယ်လ်ကျန်း နဲ့ သူ့ရဲ့အဖွဲ့တွေက ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ခဲ့တယ်ဆိုတာ အလီဘာဘာရဲ့ အောင်မြင်မှုက မီမောင်းထိုးပြခဲ့ပါပြီ၊ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့တွေဟာ ကုမ္ပဏီကို ဦးဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာ ကျွန်တော်သိလိုက်တယ်” လို့ ဂျက်မား က ဆိုပါတယ်။
အင်္ဂလိပ်စာဆရာလုပ်ခဲ့ဖူးသူ ဂျက်မား က ၁၉၉၉ ခုနှစ်မှာ အလီဘာဘာ ဒေါ့ကွန်းကို ရင်းနှီးမြုတ်နှံသူ ၁၇ ဦးနဲ့အတူ စတင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ SoftBank Group ကုမ္ပဏီက အလီဘာဘာ ကို ထပ်ချဲ့ဖို့နဲ့ တရုပ်ပြည်တွင်းက ဖောက်သည်တွေ အွန်လိုင်းက ဈေးဝယ်နိုင်အောင် ကူညီခဲ့ပါတယ်။
တောင်ဘောင် နဲ့ တီမော ဝဘ်ဆိုက်တွေကနေ ဘီလီယံနဲ့ချီတဲ့ အရောင်းအဝယ်တွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ထဲမှာတင် နေ့စဉ်ပစ္စည်းပို့တဲ့ ဝန်ဆောင်မှု တစ်ခုထဲက ဒေါ်လာ ၅၅ မီလီယံ ဝင်ငွေရှိခဲ့ပါတယ်။ အခုဆိုရင် အလီဘာဘာ ဟာ စတော့ရှယ်ယာဈေးကွက်မှာ အမေရိကန်ဒေါ်လာ ၄၂၀ ဘီလီယံတန်တဲ့ ကုမ္ပဏီကြီးဖြစ်နေပါပြီ။
“ဒန်နီရယ်လ်ကျန်း” ဟာ အလီဘာဘာနဲ့ အတူရှိနေခဲ့တာ ၁၁ နှစ်ရှိပြီဖြစ်ပြီး သူ စီအီးအို တာဝန်ယူပြီး တစ်နှစ်အကြာမှာ ကုမ္ပဏီက သိသိသာသာ အောင်မြင်ခဲ့ပါတယ်။
ဂျက်မားရဲ့ နောက်ဆုံးစကားမှာတော့ “အလီလီဘာဘာ လို့ ဆိုလိုက်တိုင်း ဂျက်မား လို့ မမြင်ကြပါနဲ့ ဒါပေမယ့် ဂျက်မားကတော့ အလီဘာဘာရဲ့ ထာဝရပိုင်ရှင် ဖြစ်နေမှာပါ” ဟု ပြောဆိုခဲ့ပါတယ်။
REF:The Stratis Times