1. Home
  2. International News

မြွေတစ်ကောင်ကြောင့် ထိုင်းနိုင်ငံက ဘဏ်ခွဲမီးလောင်

International News ก.ย. 12, 2561 view 1,662

စက်တင်ဘာလ ၁၁ ရက်(အင်္ဂါနေ့)က မြွေတစ်ကြောင့် ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်က ဘဏ်တစ်ခု မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။

နံနက် ၁၀ နာရီအချိန်ခန့်တွင် ဆပ်ခွန်ဗစ်လမ်းပေါ်ရှိ သနာချတ်ဘဏ် မီးလောင်ကျွမ်းမှုသတင်းအရ မီးသတ်အဖွဲ့က သွားရောက်ငြိမ်းသတ်ခဲ့ရာ ၁၅ မိနစ်အကြာမှာ မီးငြိမ်းသွားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ဘဏ်မျက်နှာစာရှိ မျက်နှာကျက်သာ အနည်းငယ် ပျက်ဆီးသွားခဲ့သည်။

မြွေတစ်ကောင်က ဓါတ်တိုင်ပေါ်ကို ရစ်ပတ်တက်ရာကနေ ဓါတ်ကြိုးပူးပြီး ဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ မီးလောင်မှုကြောင့် မီးခိုးများ အူထွက်ခဲ့ပြီး ဘဏ်ဝန်ထမ်းများ ကြောက်လန့်တကြား ထွက်ပြေးခဲ့မှုများ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိပါ။
 



Follow us on