1. Home
  2. International News

ဘန်ကောက်ဘူတာတွင် အမျိုးသမီးတစ်ဦး မေ့လဲကျကာ ရထားနဲ့ရိုက်မိ

International News ก.ย. 18, 2561 view 1,507

စက်တင်ဘာလ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ BTS ရထားလိုင်း မော်ချစ်ဘူတာရုံတွင် အမျိုးသမီးတစ်ဦး မူးမေ့လဲကျခဲ့ပြီး ဘူတာသို့ဝင်လာသည့် ရထားနဲ့ ရိုက်မိခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရထားပြေးဆွဲမှု ခေတ္တရပ်ဆိုင်းခဲ့ရသည်။

လူမှုကွန်ယက်တွင် ဖော်ပြခဲ့သော သတင်းများအရ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်ခန့်မှာ ဖြစ်ပွားခဲ့ပြီး မူးမေ့လဲကျခဲ့သော အမျိုးသမီးမှာ ရထားနဲ့ ရိုက်မိခဲ့ပြီး စင်္ကြန်ပလက်ဖောင်ပေါ် လဲကျခဲ့ကြောင်း ဖော်ပြထားသည်။
ဖြစ်စဉ်နဲ့ ပက်သက်ပြီး ဘန်ကောက်ရထားလိုင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Dr Anat Arbhabhirama က အမျိုးသမီးကို ရထားကတိုက်မိခဲ့ခြင်းမဟုတ်ပဲ အမျိုးသမီးကသာ ဘူတာဝင်လာသော ရထားရပ်တန့်စဉ် မူးမေ့လဲကျကာ ရထားနဲ့ ရိုက်မိခဲ့ကာ စင်္ကြန်ပလက်ဖောင်းပေါ် လဲကျခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။

ဘူတာလုံခြုံရေးဝန်ထမ်းများက အမျိုးသမီးကို အမြန်ဆုံးသွားရောက်ကူညီကာ ဆေးရုံအပို့ပေးခဲ့ကြသည်။ အဆိုပါဖြစ်စဉ်ကြောင့် ရထားဘူတာတိုင်း (၂၃ ဘူတာ)၏ ပလက်ဖောင်းတွင် အကာအရံများတပ်ဆင်မှုကို ပိုမိုအရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိမှာ ဘူတာ ၉ ခု၌ တပ်ဆင်ပြီးစီးနေပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။



Follow us on