
စာသင်ကျောင်းရှိ သန့်စင်ခန်းသို့သွားရင် ကျောင်းသား ၃ ဦးက ဝိုင်းဝန်းခြိမ်းခြောက်ကာ အဓ္ဓမပြုကျင့်ခံရသော အသက် ၄ နှစ်အရွယ် ကျောင်းသူလေး၏ အမှုတွင် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ပျက်ကွက်မှုဖြင့် သူငယ်တန်းပြ ဆရာကို အလုပ်မှ ထုတ်ပစ်လိုက်ကြောင်း နောက်ဆက်တွဲ သတင်းထပ်မံ ထွက်ပေါ်လာသည်။

ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့တွင် အသက် ၄ နှစ်အရွယ် ကျောင်းသူလေးအား အတန်းကြီးကျောင်းသားများဖြစ်ကြသည့် အသက် ၁၅ နှစ်မှ ၁၇ နှစ်ကြား ကျောင်းသား ၃ ဦးက ဓားဖြင့်ခြိမ်းခြောက်ကာ သန့်စင်ခန်းအတွင်း အဓ္ဓမပြုကျင့်ခဲ့ကြခြင်းဖြစ်သည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်သော Amarin ရုပ်သံသတင်းတွင် ဖော်ပြပါရှိသည်။
ကလေးမလေး၏ အတန်းပိုင်ဆရာအား ကလေးကို သန့်စင်ခန်းသို့ တစ်ယောက်ထဲ သွားစေမှုဖြင့် အလုပ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ ကျောင်း၏ လုပ်ထုံးလုပ်နည်း စည်းကမ်းအရဆိုလျှင် သူငယ်တန်းကလေးများကို သန့်စင်ခန်းသွားရာ၌ နှစ်ယောက်တစ်တွဲဖြစ်စေ၊ သုံးယောက်တစ်တွဲဖြစ်စေ စေလွှတ်ရမည်ဟု ပြဌါန်းထားသည်ဟု ကျောင်း၏ အုပ်ချုပ်မှုဒါရိုက်တာက ပြောကြားခဲ့သည်။
ယခုလိုအဖြစ်ပျက်မျိုး နောက်ထပ် ထပ်မံမဖြစ်ပွားစေရန်အတွက် ကျောင်းတွင် စောင့်ကြည့်ကင်မရာ ၁၆ လုံးတပ်ဆင်ပြီးဖြစ်ကြောင်း ဒါရိုက်တာက ဆက်လက်ပြောကြားခဲ့သည်။
ကျူးလွန်ခံရသော မိန်းကလေး၏ မိခင်ဖြစ်သူက သြဂုတ်လ ၇ ရက်နေ့က အမျိုးသမီးနှင့် ကလေးစောင့်ရှာက်ရေး အသင်းသို့ ဆက်သွယ်ကာ အဆိုပါအမှုကို လုပ်ကိုင်ဆောင်ရွက်မှုများ မြန်ဆန်မှန်ကန်စေရန်၊ ထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်ပေးရန် အကူညီများတောင်းခံထားကြောင်း သိရှိရသည်။
.jpg)
လက်ရှိတွင် မိန်းကလေးမှာ အရွယ်နဲ့အမျှအောင် အကြမ်းဖက်ကျူးလွန်ခံရမှုကြောင့် အလွန်အမင်း ထိန့်လန့်ကြောက်ရွံ့တဲ့ ရောဂါစွဲကပ်နေပြီး ယောက်ျားမှန်သမျှ ကြီးကြီးငယ်ငယ် အားလုံးတို့ကိုက သူကို ခြောက်ခြားနေစေပြီး ဖခင်အရင်းကိုယ်တိုင်တောင် အနားကပ်လို့မရအောင် စိတ်ဒဏ်ရာရရှိနေကြောင်း မိခင်ဖြစ်သူက ပြောကြားခဲ့သည်။
comment