1. Home
  2. International News

၇ နှစ်သမီးလေးကို လူမဆန်စွာ အဓ္ဓမပြုကျင့်သူအား ကြိုးမိန့်ပေးရန် မိခင်တောင်းဆို

International News ก.ย. 24, 2561 view 1,448

အိန္ဒိယနိုင်ငံတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မိန်းမကိုယ်အတွင်းသို့ သံပိုက်လုံးထိုးထည့်ပြီးနောက် အဓ္ဓမပြုကျင့်ခဲ့သည့် အသက် ၂၁ နှစ်အရွယ် အမျိုးသားအား ကြိုးကွင်းစွပ်သေဒဏ်ပေးရန် မိခင်ဖြစ်သူက တောင်းဆိုလိုက်သည်။

လက်ရှိတွင် မိန်းကလေးမှာ ကြီးမားသည့် သံရေပိုက်လုံး ထိုးသွင်းခံရမှုကြောင့် ဆေးရုံပေါ်တွင် အသက် လုနေရသည့်အခြေအနေနဲ့ ရင်ဆိုင်နေရသည်။
နယူးဒေလီမြို့ရှိ ဖို့မြေဆိုက် တစ်ခုကနေ အသက် ၂၁ နှစ်အရွယ် အမျိုးသားက ကလေးမလေးအား ဖြားယောင်းသွေးဆောင်ကာ လူပြတ်လပ်သော ပန်းခြံတစ်ခုသို့ခေါ်သွားခဲ့ပြီး ရေပိုက်သံချောင်းဖြင့် မိန်းမအင်္ဂါထဲသို့ ထိုးသွင်းခဲ့ပြီးနောက် အဓ္ဓမပြုကျင့်ခဲ့သည်။

ထို့နောက် မိန်းကလေးအား အိန္ဒိယငွေ ၁၀ ရူပီးနဲ့ ချော့ကလက်အနည်းငယ်ကို နှုတ်ပိတ်ခအဖြစ်ပေးခဲ့သည်။ မိန်းကလေး၏ အင်္ဂါမှ သွေးယိုစီးမှုကို သဘက်ပိုင်းဖြင့် ပတ်ပေးကာ ပြန်လွှတ်လိုက်သည်။

တုန်လှုပ်ထိတ်လန့်စွာ အောက်ပိုင်းတစ်ခုလုံး သွေးတွေရွှဲပြီး ပြန်ရောက်လာတဲ့ သမီးငယ်ကို တွေ့တဲ့အခါ မိခင်ဖြစ်သူ သွေးပျက်သွားခဲ့ပြီးနောက် ဆေးရုံသို့ အမြန်တင်ပို့ခဲ့ရသည်။
ကျူးလွန်ခဲ့သည့်အမျိုးသားကိုလည်း ချက်ခြင်းဖော်ထုတ်ကာ ဖမ်းဆီးနိုင်ခဲ့သည်။

အသက် ၂၆ နှစ်အရွယ် မိခင်ဖြစ်သူက တရားခံအား ထောင်ဒဏ် တစ်သက်ထက်၊ မသေမချင်း ကြိုးကွင်းစွပ်သတ်သည့် ပြစ်ဒဏ်ပေးပါရန် တောင်းဆိုခဲ့သည်။

သူ့ရဲ့လုပ်ရပ်က ဘာနဲ့မှနှိုင်းယှဉ်လို့မရအောင် ပက်စက်ပါတယ်” ဟု ပြောဆိုခဲ့သည်။
ဖြစ်စဉ်နဲ့ ပက်သက်ပြီး ဒေလီအမျိုးသမီးကော်မရှင် ဥက္ကဋ္ဌ “Swati Mailwal” ကလည်း ဖြစ်စဉ်ကို သူမ၏ တွစ်တာပေါ်ကနေ ရေးသားပြောဆိုကာ အရွယ်နဲ့မမျှအောင် ရက်စက်စွာကျူးလွန်ခံခဲ့ရသူ မိန်းကလေးအတွက် ဝိုင်းဝန်းထောက်ပံ့ကြရန် တိုက်တွန်းခဲ့သည်။

ဒီကလေးလေးရဲ့ နာကျင်ခံစားရမှုကတော့ ဖော်ပြလို့တောင်ရနိုင်မှာ မဟုတ်ပါဘူး။ ဒီဒဏ်ကို ရှေ့လျှောက် အကြာကြီး သူမခံစားသွားရဦးမှာပါ၊ ကျွန်မတို့ သူ့ဘက်ကနေ ဥပဒေအတိုင်း ကျူးလွန်သူကို သေဒဏ်ပေးဖို့ ဝိုင်းဝန်းကြဖို့လိုပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။
 



Follow us on