1. Home
  2. International News

စင်ကာပူဝန်ကြီးချုပ် နာမည်သုံးထားသော သတင်းတုအား မယုံကြည်ရန်သတိပေး

International News ก.ย. 24, 2561 view 1,646

ဝဘ်ဆိုက်တစ်ခုက စင်ကာပူနိုင်ငံ၏ ဝန်ကြီးချုပ် “လီရှန်လွန်း (Lee Hsien Loong)” ၏ အမည်ကို အလွဲသုံးစားပြုကာ ဒစ်ဂျစ်တယ်ငွေကြေး (Bit Coin) များကို ရင်းနှီးမြုတ်နှံကြရန် မြူဆွယ်ခဲ့သည့်အပေါ်  ဝန်ကြီးချုပ်က အဆိုပါသတင်းတုအပေါ် မယုံကြည်ကြရန် ပြည်သူများကို သတိပေးပြောကြားလိုက်သည်။

စက်တင်ဘာလ ၂၂ ရက်နေ့တွင် လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်မှတစ်ဆင့် ဝန်ကြီးချုပ်က သတိပေးလိုက်ခြင်းဖြစ်သည်။
ဘယ်သူမဆို ဒီသတင်းအမှားရဲ့ ပြစ်မှတ်သားကောင် ဖြစ်သွားနိုင်ပါတယ်” ဟု ရေးသားခဲ့ပါတယ်။
ဒါ့အပြင် လတ်တလောမှာ ဝက်ဘ်ဆိုက် နှစ်ခုကနေ ပျံ့နှံ့နေတဲ့ အလားတူ ရိုက်စားသတင်းတစ်ပုဒ်ကိုပါ ရည်ညွှန်းပြောဆိုလိုက်ပါတယ်။ အဆိုပါ သတင်းမှာ Bit Coin အပေါ် ရင်းနှီးမြုတ်နှံကြဖို့ လုပ်ကြံသတင်းလွှင့်ခဲ့ခြင်းဖြစ်ပါတယ်။

ဝန်ကြီးချုပ်က အဆိုပါ ဝဘ်ဆိုက်တွင် သူ၏ပုံကိုဖော်ပြပြီး ရေးသားထားသော လုပ်ကြံသတင်းကို စခရင်ရှော့ရိုက်ကာ သတင်းအမှားဖြစ်ကြောင်း၊ အားလုံး သတိထားကြဖို့လိုကြောင်းကို ပြန်လည်ဖော်ပြခဲ့ပါတယ်။

သတင်းထဲမှာ သူပြောသာစကားအဖြစ် လုပ်ကြံရည်ညွှန်းကာ Bot coin ကို ရင်းနှီးမြုတ်နှံခြင်းဖြင့် ဘယ်လို အမြန်အစွန်းတွေ ရနိုင်ကြောင်းလည်း ဖော်ပြထားခဲ့ပါတယ်။
ဝန်ကြီးချုပ်က ပြည်သူများအား “အင်တာနက်ပေါ်မှာ တွေ့သမျှကို မယုံပါနဲ့” လို့လည်း သတိပေးထားပါတယ်။

အွန်လိုင်းပေါ်က သတင်းအတုများကို ကိုင်တွယ်ဖြေရှင်းရန် အဖွဲ့ဝင် ၁၀ ဦးပါ ကော်မတီဖွဲ့စည်းထားပြီး အဆိုပါကိစ္စကို ဗုဒ္ဓဟူးနေ့ လွှတ်တော်ကို တင်သွင်းခဲ့သည်။ လွှတ်တော်က သတင်းတုကာကွယ်တားဆီးရေးနဲ့ ပက်သက်ပြီး လုပ်ဆောင်သင့်တဲ့ အချက် ၂၂ ချက်ကို ပြန်လည်အကြံပေးထားပြီးဖြစ်သည်။

ဝန်ကြီးချုပ်က “သတင်းတုတွေကို တန်ပြန်ရှင်းလင်းဖို့ဆိုတာ အစိုးတစ်ခုထဲနဲ့ လုပ်လို့မရပါဘူး၊ အခြားအဖွဲ့အစည်း နယ်ပယ်တွေဖြစ်တဲ့ စီးပွားရေး၊ နည်းပညာ၊ ကုမ္ပဏီ၊ မီဒီယာ အသိုင်းအဝိုင်းနဲ့ လူထုကပါ ဝိုင်းဝန်းလက်တွဲလုပ်ဆောင်ဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။
 



Follow us on