1. Home
  2. International News

မိန်းမယောင်ဆောင်ကာ အမျိုးသားများကို လှည့်ဖျားကာမ ရယူခဲ့သူဖမ်းဆီးခံရ

International News ก.ย. 24, 2561 view 1,812

အမေရိကန်နိုင်ငံ ဖလော်ရီဒါ(တောင်ပိုင်း) က အမျိုးသားတစ်ဦးဟာ အမျိုးသမီးလို ဝတ်စားပြင်ဆင်ပြီး မိန်းမယောင်ဆောင်ထားကာ မျက်နှာကို အဝတ်စည်ထားသော အမျိုးသား အယောက် (၈၀) နဲ့ လိင်ဆက်ဆံသည့် ဗီဒီယိုရိုက်ကူးပြီး အင်တာနက်တွင် ဖြန့်ချိမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။

အသက် ၃၃ နှစ်အရွယ် “Bryan Deneumostier” ဆိုသူ အမျိုးသား၊ အွန်လိုင်း အကောင့် “susanleon33326” အသုံးပြုကာ အမျိုးသားပေါင်း (၁၅၀)နဲ့ လိင်ဆက်ဆံခဲ့ကြောင်း သူတို့ထဲက တစ်ဝက်လောက်ဟာ လိင်ဆက်ဆံတဲ့ ဗီဒီယိုကို အွန်လိုင်းမှာ ဖြန့်ချိမယ်ဆိုတာ မသိရှိသူတွေဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

အမျိုးသားတွေက အယောင်ဆောင်ထားသော သူမနဲ့ လာရောက်တွေ့ဆုံတိုင်း ကင်မရာနဲ့ ဗီဒီယိုရိုက်ကူးထားမှာလားလို့ မေးပါတယ်။ ဒီအခါ သူက သူမဟာ မကြာခင်မှာ အမေရိကန်စစ်တပ်က တစ်ယောက်နဲ့ လက်ထပ်တော့မှာ ဖြစ်လို့ ဗီဒီယိုရိုက်လို့လည်း မဖြစ်ကြောင်း နှစ်သိမ့်ခဲ့ပါတယ်။
အဲဒီနောက် အမျိုးသားကို မျက်နှာအဝတ်စည်းစေပြီးမှ လိင်ဆက်ဆံစေခဲ့ပါတယ်၊ အဲဒီအချိန်မှာ အသင့်တပ်ဆင်ထားတဲ့ လျှို့ဝှက်ကင်မရာတွေကနေ ရုပ်သံရိုက်ကူးခဲ့တာဖြစ်ပါတယ်။

“Deneumostier” ဟာ ဂျူလိုင်လမှာ ဖမ်းဆီးခံခဲ့ရပြီး တရားရုံးနှစ်ခုကနေ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒေသခံတရားသူကြီးဖြစ်တဲ့ “Cecilic Altonaga” က ပြစ်ဒဏ်အနည်းဆုံး ၁၀ နှစ်နဲ့အထက် ကျခံရဖို့ရှိနေပြီး နိုဝင်ဘာ ၂၉ ရက်နေ့က စပြီးပြစ်ဒဏ် သက်ရောက်မယ်လို့ ပြောကြားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုများအရ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကစပြီး စုစုပေါင်း ဗီဒီယို ၆၂၀ ဝန်းကျင် အပြာဝဘ်ဆိုက်တွေကနေ ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။ အဆိုပါဝဘ်ဆိုက် ဖျက်သိမ်းသွားခဲ့ပေမယ့် ဗီဒီယိုတွေကတော့ အခြားအပြာဆိုက်တွေမှာ ပျံ့နှံ့နေဆဲဖြစ်ပါတယ်။

“Deneumostier” ဟာ ဒီနှစ်နွေရာသီ အစောပိုင်းတန်းကလည်း ဖလော်ရီဒါဟိုတယ် မှာ အသက်မပြည့်သေးတဲ့ ကောင်လေးတွေနဲ့ လိင်ဆက်ဆံခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရဖူးပါတယ်။



Follow us on