1. Home
  2. International News

ကလေးအလောင်းကို ဘူတာရုံက လော့ခ်ကာထဲ ၅ နှစ်ကြာထည့်ဖွက်ထားတဲ့မိခင်

International News ก.ย. 26, 2561 view 1,510

ဂျပန်နိုင်ငံက မိခင်တစ်ဦးဟာ သူမရဲ့ မွေးကာစအရွယ် ကလေး အလောင်းကို ဘူတာရုံတစ်ခုက အကြွေစေ့ထည့်ပြီး ပစ္စည်းအပ်ရသည့် သေတ္တာထဲတွင် ၅ နှစ်ကြာပြောင်းရွေ့ဝှက်ထားခဲ့ပြီး နောက်ဆုံးမှာတော့ ရဲစခန်းမှာ ကိုယ်တိုင်ဖြောင့်ချက်ပေး အဖမ်းခံခဲ့ပါတယ်။

အသက် ၄၉ နှစ်အရွယ် ဂျပန်အမျိုးသမီးတစ်ဦးက ပြီးခဲ့တဲ့ အင်္ဂါနေ့က ရဲစခန်းမှာ ကိုယ်တိုင်လာရောက် ဝန်ခံခဲ့ပါတယ်။ သူမဟာ လွန်ခဲ့သော ၅ နှစ်ခန့်က ကလေးမွေးဖွားရာမှာ ကလေးအသေလေး မွေးဖွားခဲ့ပြီး ဒီကလေးကို ဘယ်မှာ သွားပစ်ရမလဲဆိုတယ ကြံရာမရခဲ့တာကြောင့် တိုကျိုမြို့ရှိ “အူဂွိဆူဒါနီ” ဘူတာရုံက အကြွေစေ့ထည့်ပြီး ပစ္စည်းအပ်တဲ့ လော့ကာသေတ္တာထဲမှာ ဝှက်ထားခဲ့ပါတယ်။

ကျွန်မဟာ ကလေးအသေလေးမွေးလာလို့ အရမ်းကို ထိတ်လန့်ခဲ့ရသလို ဒီကလေးအသေကို ဘယ်လိုလုပ်ရမှန်းလည်း မသိခဲ့ပါဘူး” ဟု အမျိုးသမီးက ထွက်ဆိုခဲ့သည်။

အခုနောက်ဆုံး သူမဟာ အိမ်ပေါ်ကနေ နှင်ချခံလိုက်ရတာကြောင့် ကလေးအလောင်းသေတ္တာသော့ကလည်း အိမ်မှာကျန်ခဲ့ပါတယ်။ အဲဒီသေတ္တာသော့ကို တစ်ယောက်ယောက်များ တွေ့သွားရင်ဆိုတဲ့ စိုးရိမ်ပူပန်မှုနဲ့အတူ နောက်ဆုံးမှာ ကိုယ့်ဟာကိုယ်ဝန်ခံဖို့ ရဲစခန်းကို ရောက်လာတယ်လို့ သိရှိရသည်။

 



Follow us on