1. Home
  2. International News

ခရီးသည်တင်လေယာဉ် ပြေးလမ်းကျော်ပြီး သမုဒ္ဒရာထဲ ထိုးဆင်း(ရုပ်သံ)

International News ต.ค. 01, 2561 view 1,619
ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‘မိုက်ခရိုနီးရှန်း’ အပိုင် “ဝမ်နို” ကျွန်းပေါ်သို့ ဆင်းသက်ခဲ့သည့် ခရီးသည်တင်လေယာဉ်တစ်စီး ပြေးလမ်းကျော်ကာ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ထိုးဆင်းခဲ့သည့် အဖြစ်ပျက်တစ်ခု ပြီးခဲ့သည့်သောကြာ စက်တင်ဘာလ ၂၈ ရက်နေ့က ဖြစ်ပျက်ခဲ့သည်။
 
 
 
Air Niugini လေကြောင်းလိုင်း ဘိုးရင်း 737 လေယာဉ်ပေါ်တွင် ခရီးသည် ၃၅ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦးလိုက်ပါလာပြီး ကျွန်းပေါ်ရှိ လေဆိပ်သို့ ဆင်းသက်စဉ် တွက်ဆချက်လွဲမှားသည်ဟု ယူဆရပြီး မီတာ ၁၅၀ လောက် ကျော်ထွက်ကာ ပစိဖိတ်သမုဒ္ဒရာထဲသို့ ဆင်းသက်သွားခဲ့သည်။
 
 
 
လေယာဉ်ပေါ်ပါသူများ ထိခိုက်မှု တစ်စုံတရာမရှိပဲ အနီးနားရှိ ငါးဖမ်းလှေများမှ လာရောက်ကူညီ ကယ်ဆယ်ခဲ့ကြသည်။ အဖြစ်ပျက်နဲ့ပက်သက်ပြီး အဆိုပါလေကြောင်းလိုင်းမှာ Papua New Guinea ရဲ့ အမျိုးသားလေကြောင်းလိုင်းလည်း ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
 


Follow us on