1. Home
  2. International News

လေယာဉ်ပျံသန်းရန် ကြိုးစားစဉ် အဆင်းဂီယာ မီးလောင်မှုဖြစ်ပွား (ရုပ်သံ)

International News ต.ค. 03, 2561 view 1,460
အောက်တိုဘာ ၁ ရက် တနင်္လာနေ့က နယူးယောက်မြို့ ဂျွန်အက်ဖ်ကနေဒီ(JFK) လေဆိပ်မှ ဂါနာနိုင်ငံသို့ ပျံသန်းမည့် ဒယ်လ်တာ လေကြောင်းလိုင်း အမှတ် ၄၂၀ ၏ အဆင်းဂီယာရုတ်တရက်မီးထလောင်မှုကြောင့် လေယာဉ်ပေါ်ပါခရီးသည် ၂၅၀ ကို ဘေးလွတ်ရာသို့ ကယ်တင်ခဲ့ကြရသည်။
 
လေယာဉ်ပေါ်တွင် ခရီသည် ၂၅၀ နှင့် လေယာဉ်အမှူထမ်း ၈ ဦးတို့ကို အရေးပေါ် ရွေ့ပြောင်း လှေကားများအသုံးပြုကာ လေယာဉ်ပေါ်မှ ပြောင်းရွေ့နိုင်ခဲ့သည်။ လေယာဉ်၏ ဘရိတ်စနစ်အပူလွန်ကဲပြီး ဂီယာမီထလောင်ကျွမ်းမှုကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ 
 
 
အဆိုပါလေယာဉ်မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိပဲ မီးသတ်အဖွဲ့က လေယာဉ်ကို အချိန်မီမီးသတ်နိုင်ခဲ့ပြီး ပြုပြင်ရေးနေရာသို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။ 
 

 



Follow us on