1. Home
  2. International News

အမေရိကန် နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un)တွေ့ဆုံမည်။

International News ต.ค. 04, 2561 view 1,450

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီအို (Mike Pompeo) ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း (Kim Jong Un) နဲ့ တွေ့ဆုံဖို့ တနင်္ဂနွေနေ့မှာ သွားရောက်မှာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟယ်သာ နူးအတ် (Heather Nauert) က အင်္ဂါနေ့မှာ  မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကိုတွေ့ဆုံဖို့  ကြေညာခဲ့ပါတယ်။ မစ္စတာ ပွန်ပီအို က မြောက်ကိုရီးယားကို သွားခဲ့တာဟာ ဇူလိုင်လက နောက်ဆုံးဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားဖျက်သိမ်းရေးနဲ့ ဒုတိယအကြိမ်မြောက် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲအတွက် အခြေခံလုပ်ငန်းတွေ ချမှတ်ဖို့ သူက ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီထိပ်သီးဆွေးနွေးပွဲကို မကြာခင် ကျင်းပမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ပ် (Donald Trump) က ရည်ညွှန်းပြောကြားခဲ့ပါတယ်။

မစ္စတာ ပွန်ပီအိုဟာ ဝန်ကြီးချုပ် ရှင်းဇိုး အာဘဲ (Shinzo Abe) ၊ နိုင်ငံခြားရေးဝန်ကြီး တာရော ခိုးနို (Taro Kono) တို့နဲ့ တွေ့ဆုံဖို့ စနေနေ့မှာ ဂျပန်ကိုလည်း သွားရောက်မှာ ဖြစ်တယ်လို့ မီးစ် နူးအတ် က ပြောပါတယ်။

မစ္စတာ ပွန်ပီအို ဟာ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေအတွင်း တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ဖို့ ရှိနေပြီး"အခုလို ဆွေးနွေးမှုတွေမှာ နောက်အဆင့်တွေကို" အမေရိကန်ပြည်ထောင်စုက မျှော်လင့်နေတယ်လို့လည်း မီးစ် နူးအတ် က ဆိုပါတယ်။

Ref; NHK

 



Follow us on