1. Home
  2. International News

မသန်မစွမ်းဖခင်ကို သတ်ဖြတ်ပြီး အိမ်သာကျင်းထဲ စွန့်ပစ်သူ ဖမ်းဆီးမိ

International News ต.ค. 10, 2561 view 1,564
မလေးရှားနိုင်ငံ အီပို့ပြည်နယ် ကန်သန်ရွာသစ် ကျေးရွာတွင် အသက် ၇၄ နှစ်အရွယ် မသန်မစွမ်းဖြစ်နေသော ဖခင်အား အသက် ၅၂ နှစ်အရွယ် သားဖြစ်သူက ခေါင်းဖြတ်သတ်ကာ အပိုင်းပိုင်းခုတ်ပြီး မိလ္လာကန်အတွင်းသို့ စွန့်ပစ်ခဲ့မှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
 
စုံစမ်းစစ်ဆေးရေးအရာရှိဖြစ်သူ Yahya Abd Rahman ၏ ပြောကြားချက်အရ သားဖြစ်သူက နေအိမ်ကို မူးယစ်ဆေးဝါး ယူလာတဲ့အတွက် ဖခင်က ဆူပူခဲ့သဖြင့် ဒေါသထွက်ကာ သတ်ဖြတ်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ ထို့နောက် ခန္ဓာကိုယ်ကို မိလ္လာကန်ထဲ ပစ်ချခဲ့ပြီး ဦးခေါင်းကို အစပထမတွင် မီးရှို့မည်ပြုပြီး နောက်မှ နေအိမ်နောက်ဘက်ရှိ မိလ္လာကန်နှင့် ၁၂ မီတာအကွာအဝေးတွင် ကျင်းတူးပြီး မြုတ်နှံခဲ့သည်။ 
 
မီသတ်အဖွဲ့များက မိလ္လာကန်အတွင်း မီးတောက်များချကာ အောက်ဆီဂျင်ရအောင် ပြုလုပ်ခဲ့ပြီးနောက် အလောင်းကို ဆင်းဆယ်ခဲ့ကြသည်မီသတ်အဖွဲ့များက မိလ္လာကန်အတွင်း မီးတောက်များချကာ အောက်ဆီဂျင်ရအောင် ပြုလုပ်ခဲ့ပြီးနောက် အလောင်းကို ဆင်းဆယ်ခဲ့ကြသည်၊ ၆၀ စင်တီမီတာခန့်ရှိသော ဓားတစ်ချောင်းလည်း တွေ့ရှိခဲ့ရပြီး အင်္ဂါနေ့ည သန်းခေါင်အချိန်လောက်မှာ အခင်းဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း Rahman က ပြောကြားခဲ့သည်။
 


Follow us on