1. Home
  2. International News

မိမိကိုယ်မိမိ သေပြီးဟု သတင်းလွှင့်ခဲ့သောကြောင့် ဇနီးဖြစ်သူနှင့်ကလေးနှစ်ဦး အဆုံးစီရင်

International News ต.ค. 19, 2561 view 1,519

တရုတ်နိုင်ငံတွင် အသက်အာမခံ ရလိုယူလို၍ အမျိုးသားတစ်ဦးက မိမိကိုယ်မိမိ သေဆုံးပြီဟု သတင်းထုတ်ပြန်ခဲ့သော်ကြောင့် ဇနီးဖြစ်သူက အမှန်တစ်ကယ် ထင်မှတ်၍ ကလေးနှစ်ဦးနှင့် အတူ အဆုံးစီရင်သွားကြောင်းသိရပါတယ်။

ဟူနန်ပြည်နယ် ဇင်ဟွာကောင်တီတွင် နေထိုင်သည် ဟီဟု အမည်ရ  အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦး သည် အသက်အာမခံကြေးရယူလိုသောကြောင့် မော်တော်ကားကို ရထဲထိုးချပြီး မိမိကိုယ်မိမိ သေဆုံးပြီ ဟုသတင်းထုတ်ပြန်ခဲ့ပါတယ်။ ထို့အကြောင်းကို မိမိ ဇနီး ကို အသိပေးခြင်းမရှိဘဲ လုပ်ဆောင်ခဲ့သောကြောင့် ဇနီးဖြစ်သူမှာ သူယောင်္ကျား တစ်ကယ်သေဆုံးပြီအထင်ဖြင့် သီတင်းသုံးပါတ် အကြာမှာ ဇနီးဖြစ်သူ ဟာ ကလေးငယ်နှစ် ဟာ ရေကန်ထဲ့သို ခုန်ချပြီး အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

ထိုအဖြစ်အပျက်ကို သိရှိပြီးနောက်ပိုင်း  ဟီ ဟာ ရဲစခန်းတွင်လာရောက်အဖမ်းခံခဲ့ပြီး ရဲ့တပ်ဖွဲက အာမခံလိမ်ညာမှု ပိုင်ဆိုင်သည်ပစ္စည်းကို ရည်ရွယ်ချက် ရှိရှိ ဖြင့် ဖျက်ဆီးခဲ့မှုကြောင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရပါတယ်။

ဟီဟာ မကြာသေးခင်က ယွမ်ငွေ (၁၄၅၀၀၀၀) တန်ဖိုးရှိ အာမခံပစ္စည်းတစ်ခုကို ဇနီးဖြစ်သူအားအသိမပေး ဘဲဝယ်ယူခဲု့ပြီး စက်တင်ဘာလ ၁၉  ရက်နေမှာ မော်တ်ာကားတစ်စီးကို ငှားရမ်းပြီး အကွက်ချ ဖန်တီးခဲကြောင်းသိရပါတယ်။ သူမှာ အကြွေး ယွမ်းငွေ တစ်သိန်းခန့်အကြွေးတင်ရှိနေတယ် ဟုလည်း ဆိုတယ်။

အောက်တိုဘာက ၃၁ ရက်နေ့မှာ ဟီ၏ဇနီးဖြစ်သူနဲ့ ကလေးဖြစ်သူ နှစ်ဦး ၎င်း တို့၏ အိမ်အနီး ရေကန်တစ်ခုဘေးမှာ သေဆုံးနေကြာင်း Voice of China ကဖော်ပြထားပါတယ်။

Ref bbc



Follow us on