ဆိုဗီယက်ယူနီယံနိုင်ငံဟောင်းနဲ့ လက်မှတ်ရေးထိုးထားခဲ့တဲ့ နျူကလီးယားဒုံးကျည်ဆိုင်ရာ သမိုင်းဝင်သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် က ပြောဆိုလိုက်ပါတယ်။
ရုရှားဟာ INF လို့ခေါ်တဲ့ တာလတ်အဆင့်နျူကလီးယားတပ်ဖွဲ့ အင်အားဆိုင်ရာသဘောတူညီချက်ကို နှစ်ပေါင်းများစွာ ချိုးဖောက် နေခဲ့တယ်လို့ သမ္မတ ထရမ့်ပ် က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ လက်နက်ထိန်းချုပ်ရေးသဘောတူ စာချုပ်ကနေ နုတ်ထွက်မယ်လို့ စနေနေ့မှာ သမ္မတ ထရမ့်ပ် က ကြေညာလိုက်ပါတယ်။ နျူကလီးယားသဘောတူညီချက်တစ်ခုကို သူတို့တတွေ ဆက်လက်ဖောက်ဖျက်တာမျိုးကို ကျနော်တို့ ခွင့်ပြုနိုင်မှာမဟုတ်သလို ကျနော်တို့ကိုလည်း ခွင့်မပြုဘူးသင့်ဘူးလို့ ပြောရင်း အမေရိကန်က နျူကလီးယားလက်နက်တွေချဲ့ထွင်ရေး မလုပ်ဘူးလို့လည်း မစ္စတာ ထရမ့်ပ်က ပြောဆိုခြင်းမရှိခဲ့ပါဘူး။
INF ကို ၁၉၈၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်တွေ၊ ခရုစ်ဒုံးကျည်တွေ၊ နျူကလီးယားစွမ်းရည်ကို စမ်းသပ်ဖို့ ပစ်လွှတ်တာနဲ့ ထုတ်လုပ်တာ ပိုင်ဆိုင်တာတွေကို အဲဒီစာချုပ်မှာ တားမြစ်ထားပါတယ်။
သမ္မတထရမ့်ပ်ရဲ့ နိုင်ငံ့လုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန် (John Bolton) ဟာ အခုလိုမျိုး သဘောတူညီချက်ကနေ နုတ်ထွက်တယ် ဆိုတာ ရုရှားကို အသိပေးနိုင်ဖို့ မကြာမီ မော်စကို သို့ သွားရောက် မယ်လို့ တွက်ဆရပါတယ်။
Ref NHK