1. Home
  2. International News

အလုပ်မှထုတ်ပယ်ခံရတဲ့ သိရိလင်္ကာဝန်ကြီးချုပ်အား လူသေစေမှုဖြင့်ဖမ်းဆီး

International News ต.ค. 31, 2561 view 1,564

သီရိလင်္ကာနိုင်ငံ ရေနံဝန်ကြီးချုပ် “အာဂျူနာ ရာနာတွန်ဂါ” ရာထူးမှဖယ်ရှားခံရပြီးနောက် ပြီခဲ့တဲ့သီတင်းပတ်က ဖြစ်ပျက်ခဲ့သော ရုန်းရင်းဆန်ခတ်မှုတွင် လူတစ်ဦးသေနတ်နဲ့ ပစ်ခတ်ခံရကာ သေဆုံးခဲ့မှုအတွက် အောက်တိုဘာလ ၂၉ နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်ခံရပြီး လူတစ်ဦး သေဆုံးခဲ့တဲ့အတွက် “ရာနာတွန်ဂါ” ကို ကိုလံဘိုပြည်နယ် မှုခင်းနှိမ်နင်းရေးအဖွဲ့က ဖမ်းဆီးခဲ့တာပါ၊ မကြာခင် တရားရုံးတင်ပါလိမ့်မယ်” ဟု ပြောရေးဆိုခွင့်ရှိသူ “ရူဝမ် ဂူနာဆီကရာ” က ရိုက်တာသတင်းဌါနကို ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်အသစ်ကို အစားထိုးမခန့်အပ်မီ တစ်ရက်အလို အောက်တိုဘာလ ၂၇ ရက်နေ့မှာ သမ္မတ “မစ်သရီပလာ သီရိဆီနာ” က အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီနောက်မှာ ကုန်သွယ်ရေးအဖွဲ့တွေက ဝန်ကြီးချုပ်အသစ်ဖြစ်တဲ့ “မစ္စတာ မဟင်ဒါ ရာဂျာပက်ဆာ” နဲ့ ချိပ်ဆက်ခဲ့ကြပါတယ်။ ဝန်ကြီးချုပ်အသစ်က အစိုးရအဖွဲ့အဟောင်းမှာ ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်တွေကို သူရဲ့ဝန်ကြီးဌါနထဲကို ဝင်ဖို့ လက်မခံခဲ့ပါဘူး။

အောက်တိုဘာလ ၂၈ ရက်နေ့မှာတော့ ဖြုတ်ချခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း “ရာနာတွန်ဂါ” က ဝန်ကြီးဌါနထဲကို ဝင်ဖို့ကြိုးစားခဲ့ပြီး သူ့နဲ့အတူ လုံခြုံရေးလိုက်ပါလာသူတစ်ဦးက သေနတ်နဲ့ ပစ်ခဲ့တာကြောင့် လူတစ်ယောက်သေပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီအတွက် တာဝန်ရှိတဲ့ “ရာနာတွန်ဂါ” ကို သီရိလင်္ကာရဲအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။



Follow us on