1. Home
  2. International News

ခရီးသည်တင်သင်္ဘော ကရိန်းကိုအရှိန်မထိမ်းနိုင်ပဲ ဝင်တိုက်မှုကြောင့်ပေါက်ကွဲ (ရုပ်သံ)

International News พ.ย. 01, 2561 view 1,676

အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ဘာစီလိုနာ တွင် အီတလီပိုင် ခရီးသည်တင်အပျော်စီး သင်္ဘောကြီးတစ်စီးဟာ ကမ်းကပ်ဖို့ ကြိုးစားစဉ် လေပြင်းတိုက်ခတ်မှုကြောင့် အရှိန်မထိမ်းနိုင်ပဲ ဆိပ်ကမ်းရှိ ကွန်တိန်နာ အတင်အချပြုလုပ်သည့် ကရိန်းအကြီးစားကို ဝင်တိုက်မိခဲ့တာကြောင့် ကရိန်းကျိုးကျလဲပြိုကာ ဆီလှောင်ကွန်တျန်နာများပေါ် လဲကျခဲ့မှုကြောင့် မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့သည်။

အီတလီကုမ္ပဏီ Grandi Navi Veloci ပိုင် ပျော်စီးသင်္ဘောပေါ်တွင် ခရီးသည် ၄၂၀ ပါရှိပြီး ကရိန်းကို ဝင်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့် ၂ ဦးမှာတော့ အကြောက်လွန်သည့် ဝေဒနာခံစားခဲ့ရသည်။ မီးလောင်နေရာကို မီးသတ်သမားများ အမြန်ဝင်ရောက်ရှင်းလင်းခဲ့ရပြီး နံနက် ၁၁ နာရီလောက်မှာတော့ မီးထိန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

I

ဆိပ်ကမ်းလုက်သားများ၏ အဆိုအရ သင်္ဘောဟာ ကမ်းကပ်ဖို့ ကြိုးစားပေမယ့် ရာသီဥတုဆိုးရွားလာတာကြောင့် ကမ်းမကပ်တော့ပဲ ပြန်ခွာရန် ကြိုးစားစဉ် လေးပြင်းရဲ့ တွန်းအားကြောင့် ဆိပ်ကမ်းက ကရိန်းကို ဝင်တိုက်မိကြောင်း ပြောဆိုပါတယ်။

ကရိန်ကျိုးကျခဲ့ပြီး ဆီလှောင်ကွန်တိန်နာနဲ့ အန္တရာယ်ရှိတဲ့ ဓာတုဗေဒပစ္စည်းသိုလှောင်တဲ့ ကွန်တိန်နာ ၂ လုံးတို့ပေါ်ပြုတ်ကျခဲ့တာကြောင့် မီလောင်မှုဖြစ်ခဲ့ကြောင်း သိရှိရသည်။



Follow us on