1. Home
  2. International News

ခိုးခံထားရသည့် ဖေ့စ်ဘွခ်အကောင့် သန်း ၁၂၀ ကျော်မှ အကောင့်တစ်ခုကို ၁၀ ပြားဖြင့်ပြန်ရောင်း

International News พ.ย. 05, 2561 view 1,470

ဟက်ကာများက ခိုးယူထားသော ဖေ့စ်ဘွခ်အကောင့်ပေါင်း သန်း ၁၂၀ ကျော်ကို တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁၀ ပြားဖြင့် ပြန်လည်ရောင်းချနေကြောင်းကြကြောင်း  ရုရှားအခြေစိုက် အွန်လိုင်းရာဇဝတ်မှုများကို ကိုင်တွယ်သောအဖွဲ့အစည်းမှ ထုတ်ဖော်ပြောကြားလိုက်သည်။


အရောင်းအဝယ်ဖြစ်ရန် လူတွေဆီကို မက်ဆေ့ခ်ျကနေတစ်ဆင့် ပေးပို့ကာ ညှိနှိုင်းကြပါတယ်။ အကောင့်အများစုမှာ ယူကရိန်း နဲ့ ရုရှားတို့ဖြစ်ကြပြီး အချို့အကောင့်တွေကတော့ ယူကေ၊ ယူအက်စ်၊ ဘရာဇီးနဲ့ ကမ္ဘာအရပ်ရပ်က အခြားနေရာတွေလည်း ပါဝင်ကြောင်း သိရှိရသည်။


အကောင့်ရောင်းရန်ရှိ ဟူသော ကြော်ငြာများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားဆွေးနွေးကြသော ဖိုရမ်များတွင် ကြော်ငြာခဲ့ပြီး သမီးရည်းစားချင်ပြောဆိုထားမှုများ၊ သမက်ယောက္ခမ မပြေလည်မှုများ၊ နှစ်ကိုယ်ကြားပေးပို့သည့် ဓါတ်ပုံအချို့ကို အများမြင်သာအောင် ကြော်ငြာအနေနဲ့ တင်ခဲ့ကြသည်။ သိပ်မကြာခင်မှာ အဆိုပါကြော်ငြာများ ပြန်လည်ဖျက်ချခြင်းခံခဲ့ရပါတယ်။

ဖေ့စ်ဘွခ်က သူ့ရဲ့လုံခြုံရေးကျိုးပေါက်မှုဟာ သုံးစွဲသူတွေ ဘရောက်ဇာမှာ သွင်းယူထားတဲ့ Plug In, Extension တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ အနေနဲ့ ဘရောက်ဇာ ထုတ်လုပ်သူတွေကို ဆက်သွယ်ပြောကြားပြီးဖြစ်လို့ အခုဆိုရင် ဘာမှန်မသိတဲ့ Extension တွေ အတော်များများ ဖြုတ်ချခံထားရပါတယ်” ဟု ဖေ့စ်ဘွခ်ရဲ့ အမှူဆောင်အရာရှိ Guy Rosen က ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

လုံခြုံရေးကျိုးပေါက်မှုဟာ စက်တင်ဘာလမှာ စတင်ဖြစ်ခဲ့ပြီး ဖေ့စ်ဘွခ်အကောင့် သန်း ၁၂၀ ကျော် ရောင်းရန်ရှိသည်လို့ ဖိုရမ်တွေမှာ ကြော်ငြာခဲ့တာဖြစ်ပါတယ်။ ဘီဘီစီရဲ့ စုံစမ်းချက်အရ အကောင့်ပေါင်း ၈၁,၀၀၀ ကျော်ရဲ့ မက်ဆေ့တွေ ပုံတွေကို တင်းထားခံခဲ့ရပြီးဖြစ်ပါတယ်။


ဒါတွေကို ရောင်းချနေတဲ့ ဝဘ်ဆိုက်တစ်ခုကို ခြေရာခံခဲ့ရာမှာ စိန့်ပီတာစဘတ်မြို့က ဖြစ်ကြောင်း သိရှိရပြီး သူတို့အသုံးချနေတဲ့ ထရိုဂျန်ဗိုင်းရပ်ဟာ သုံးစွဲသူတွေရဲ့ လျှို့ဝှက်ကုဒ်နံပါတ်တွေပါ ယူနိုင်တာကို တွေ့ရပါတယ်။



Follow us on