1. Home
  2. International News

MRT ရထားပေါ်တွင် ရန်ဖြစ်ကြသူနှစ်ဦးအား ဖမ်းဆီး

International News พ.ย. 08, 2561 view 1,562

ယမန်နေ့နံနက်ပိုင်းက စင်ကာပူ MRT ရထားပေါ်တွင် ရန်ဖြစ်ကြသူနှစ်ဦးအား စင်ကာပူရဲမှ ယမန်နေ့ကဖမ်းဆီးခဲ့ကြောင်း သိရသည်။

Raffles Place ဘူတာရုံအနီး MRT ရထားတစ်စီးပေါ်တွင် ထိုသူနှစ်ဦးသည် ရန်ဖြစ်ကြခြင်းဖြစ်ကာ အသက် ၁၆နှစ်နှင့် ၂၅နှစ်အရွယ်များဖြစ်ကြကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

ယင်းအဖြစ်အပျက်ကို အဆိုပါရထားပေါ်မှ ခရီးသယ်တစ်ဦးက ရိုက်ကူးထားပြီး ထိုသူနှစ်ဦး ထိုးကြနှက်ကြသောကြောင့် ရထားစီးခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြ ကြောင်းကို လည်းတွေ့ရသည်။ ရန်ဖြစ်နေစဉ်အတွင်း ရပ်ကြဖို့ အမျိုးသမီးတစ်ယောက်၏ အော်သံကိုလည်းကြားရသည်။

အဆိုပါ ခိုက်ရန်ဖြစ်မှုကြောင့် စင်ကာပူ ရဲတပ်ဖွဲ့မှ ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဟုဆိုသည်။



Follow us on