1. Home
  2. International News

ကလေးများအပါအဝင် လူ ၂၁ ယောက်ကို အအေးခန်းကားထဲထည့်ကာ ခိုးထုတ်

International News พ.ย. 08, 2561 view 1,976

အသက် ၁၂ နှစ်ဝန်းကျင် ကလေးများအပါအဝင် လူ ၂၁ ဦးကို ရေဆူပုလင်းများတင်ဆောင့်သည့် အအေးခန်းကားထဲထည့်ကာ လန်ဒန်ဆိပ်ကမ်းမှ ခိုးထုတ်ရန် ကြိုးစားစဉ် ဖမ်းဆီးခံခဲ့ရသည်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အင်္ဂလန်နိုင်ငံတောင်ပိုင်းရှိ နယူးဟဲဗင်းဆိပ်ကမ်းတွင် အအေးခန်းကားထဲမှ ဖမ်းဆီရမိထားသူများမှာ ဗီယက်နမ်လူမျိုးများဖြစ်နိုင်ပြီး ၁၅ ဦး မှာ ကလေးများဖြစ်ကြောင်း ဘီဘီစီသတင်းအရ သိရှိရသည်။

ယာဉ်မောင်းဖြစ်သူ ရိုမေးနီးယားလူမျိုးကို နိုင်ငံတွင်းသို့ တရားမဝင်လူကုန်ကူးမှုနဲ့ ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိသည်။ ခိုးဝင်ရန် ရောက်လာသူများထဲမှ အရွယ်ရောက်ပြီးသား ၆ ဦးကို ယူကေမှဖယ်ရှားခဲ့ပြီး အခြား ၄ ဦးကိုတော့ လူဝင်မှုကြီးကြပ်ရေးဌါနမှ ဖမ်းဆီးထိန်းသိမ်းထားသည်။

ကလေးငယ်များအနေနဲ့ ဆေးကုသမှုခံယူရန်မလိုပဲ လူမှုရေးဝန်ဆောင်မှုဌါနသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။ကလေးငယ်များအနေနဲ့ ဆေးကုသမှုခံယူရန်မလိုပဲ လူမှုရေးဝန်ဆောင်မှုဌါနသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။



Follow us on