1. Home
  2. International News

နိုင်ငံတကာထိပ်သီးခေါင်းဆောင်များကို ပတ်ပြေးနေတဲ့ မာ့ခ်ဇူကာဘတ်

International News พ.ย. 09, 2561 view 1,482

Facebook တည်ထောင်သူ မာခ့်ဇူကာဘတ်အား သတင်းအတုများ ထိန်းချုပ်ရေးကိစ္စနဲ့ ဗြိတိန်က မေးခွန်းထုတ်သည့်အပေါ် နိုင်ငံတစ်ကာမှ နိုင်ငံရေးခေါင်းဆောင်များကလည်း အဆိုပါမေးခွန်းကို ဖြေကြားပေးရန် ပူပေါင်းပါဝင် ဖိအားပေးခဲ့ကြပါတယ်။

လာမည့် နိုဝင်ဘာ ၂ရ ရက်တွင် ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ ထိပ်သီးကော်မတီ ကို တက်ရောက်ဖြေကြားရန် မာခ့်ဇူကာဘတ်ကို ယူကေနဲ့ ကနေဒါနိုင်ငံတို့က ဖိတ်ကြားခဲ့တဲ့အပေါ် Facebook က ငြင်းဆန်ခဲ့ပြီးနောက် သြစတေးလျ၊ အိုင်ယာလန် နဲ့ အာဂျင်တီးနားနိုင်ငံတို့ကပါ ပူပေါင်းပါဝင် ဖိအားပေးခဲ့ကြတာပါ။

သတင်းအတုတွေ ထိန်းချုပ်မှုနဲ့ပက်သက်ပြီး မာခ့်ဇူကာဘတ် ရဲ့  အဖြေဟာ ကျေနပ်လောက်စရာမရှိသေးဘူး” ဟု ဒစ်ဂျစ်တယ်၊ ယာဉ်ကျေးမှု၊ မီဒီယာ အားကစားတို့ရဲ့ ကော်မတီဥက္ကဋ္ဌဖြစ်သူ “ဒေမီယန် ကော်လင်းစ်” က ပြောကြားခဲ့သည်။

အခုလို ငြင်းဆန်ခဲ့တာဟာ Facebook အနေနဲ့ အသိပေးရမယ့်ကိစ္စတွေ၊ ဥပဒေရေးဆွဲရေးတွေတင်မကဘူး တစ်ကမ္ဘာလုံးက သုံးစွဲနေကြတဲ့ သူတွေအပေါ်ပါ တာဝန်ပျက်ကွက်တာဖြစ်ပါတယ်။

ဒါ့အပြင် အလွန်အရေးကြီးတဲ့ မေးခွန်းဖြစ်တဲ့ လူမှုကွန်ယက်ပေါ်ကနေ မဟုတ်မမှန်သတင်းတွေ အများအပြားပျံ့နှံ့မှုတွေ၊ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်လက် ကာကွယ်မှုတွေကို ဘယ်လို ထိန်းချုပ်လုပ်ဆောင်မလဲဆိုတာကို သူ မဖြေရသေးပါဘူး

အောက်တိုဘာ ၃၁ ရက်နေ့က ယူကေမှာရှိတဲ့ Facebook ရုံးချုပ်ကနေ ပေးပို့ခဲ့တဲ့ ငြင်းပယ်စာထဲမှာ တော့ Facebook အနေနဲ့ လက်ရှိ ပြဌါန်းထားတဲ့ နည်းဥပဒေတွေကို အပြည့်အဝလိုက်နာပြီး အတူတကွ ပူးပေါင်းဆောင်ရွက် ဖြေရှင်းသွားမယ်လို့ ဖော်ပြထားကြောင်း ယူကေ Facebook ရုံးချုပ်က အကြီးအကဲဖြစ်သူ “ရေဘက္ကာ စတင်မ်ဆန်” က ပြောကြားခဲ့ပါတယ်။

Facebook ဟာ ပြီးခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲတုန်းကလည်း အသုံးပြုသူတွေရဲ့အချက်အလက်တွေ ပေါက်ကြား၊ ရောင်းစားခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး အဲဒီအမှုအတွက် သတင်းအချက်လက်ကော်မရှင်က စတာလင်ပေါင် ၅ သိန်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။

လက်ရှိမှာတော့ နိုင်ငံတကာ ဖေ့စ်ဘွခ်လူမှုကွန်ယက်ပေါ်မှာ သတင်းအမှားတွေ အကြီးအကျယ်ဆက်လက်ပြန့်နေတာနဲ့ ပက်သက်ပြီး မာ့ခ်ဇူကာဘတ် အနေနဲ့ ထိရောက်တဲ့ ဖြေရှင်းချက်၊ ဖြေရှင်းနည်း တစ်စုံတရာမရှိသေးတဲ့အတွက် ဒီမေးခွန်း မေးလာတဲ့အပေါ် ပတ်ပြေးနေတာပဲ ဖြစ်ပါတယ်။



Follow us on