1. Home
  2. International News

နော်ဝေစစ်သင်္ဘောကြီး ဆီတင်သင်္ဘောနဲ့ တိုက်မိကာနစ်မြုတ် (ရုပ်သံ)

International News พ.ย. 09, 2561 view 1,795

နော်ဝေရေတပ်မတော်မှ အကြီးဆုံးစစ်သင်္ဘော တစ်စီးဖြစ်တဲ့ KNM Helge စစ်သင်္ဘာကြီးဟာ နေတိုးစစ်ရေးလေ့ကျင့်မှုအတွက် အစောင့်အရှောက်လိုက်ပေးနေစဉ် ဆီတင်သင်္ဘောတစ်စီးနဲ့ ဝင်တိုက်မိတာကြောင့် နစ်မြုတ်ခဲ့ရသည်။


နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်က နော်ဝေအနောက်ပိုင်း ပင်လယ်ဝတွင် ဆီများတင်ဆောင်လာသော Sola Ts သင်္ဘောဖြင့် အပြင်းအထန်ဝင်တိုက်မိခဲ့ပြီး လူ ၈ ဦးဒဏ်ရာရခဲ့သည်။ စစ်သင်္ဘောပေါ်ပါ လူ ၁၃၇ ဦးကို သင်္ဘောကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။


သင်္ဘောတိုက်ခဲ့ပြီးနောက် ရေများစိမ့်ဝင်ကာ တစ်ဖြည်းဖြည်း နစ်မြုတ်သွားသည်ကို နော်ဝေရုပ်သံ NRK က ထုတ်လွှင့်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတွင် မြင်တွေ့ခဲ့ရသည်။ စစ်သင်္ဘောတွင် လူ ၁၃၇ ဦးလိုက်ပါလာပြီး ဆီသင်္ဘောတွင် လူ ၂၃ ဦး လိုက်ပါလာပြီး ဆီတန်ချိန် ၆၂,၀၀၀ တန် တင်ဆောင်ထားပြီး သင်္ဘောထိခိုက်မှုအနည်းငယ်သာ ဖြစ်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် ဆီများပေါက်ထွက်ယိုစိမ့်မှု မရှိခဲ့ပါ။


KNM Helge စစ်သင်္ဘောကို ၂၀၀၉ ခုနှစ်က တည်ဆောက်ခဲ့ပြီး ၂၀၁၃ နဲ့ ၂၀၁၄ အတွင် ဆီရီးယားမှာ လုပ်ဆောင်ခဲ့တဲ့ ဓါတုလက်နက်ဖျက်သိမ်းရေး အစီစဉ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သင်္ဘောကြီးဖြစ်ပါတယ်။






Follow us on