1. Home
  2. International News

မိုင်လီဆိုင်းရပ်စ် ၏ နေအိမ် တောမီးလောင်တဲ့အထဲပါသွား

International News พ.ย. 13, 2561 view 1,696

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ပါရာဒိုက်စ်မြို့အနီးမှာ တောမီး အကြီးအကျယ် လောင်ကျွမ်းခဲ့မှုကြောင့် အနီးနားတစ်ဝိုက်က လူနေအိမ်တွေ ဆုံးရှုံးခဲ့ပြီး ကမ္ဘာကျော်အဆိုတော် “မိုင်လီဆိုင်းရပ်စ်” ရဲ့ နေအိမ်လည်း တောမီးလောင်တဲ့အထဲ ပါသွားခဲ့ပါတယ်။

နေအိမ်ဆုံးရှုံးခဲ့မှုကြောင့် “မိုင်လီဆိုင်းရပ်စ်” ဟာ စိတ်နှလုံးကြေကွဲနေရပေမယ့် အတူနေထိုင်သော သူမရဲ့ချစ်သူ “Liam Hemsworth”နဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေအားလုံး တောမီးကနေ ဘေးလွတ်ရာကို ရှောင်ထွက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာတယ်လို့ဆိုပါတယ်။ ဒါအပြင် တောမီးလောင်ကျွမ်းလို့ သူမရဲ့အိမ် ဆုံးရှုံးခဲ့ရပေမယ့် အဲဒီနေရာမှာ နေခဲ့တဲ့အချိန်တွေနဲ့ ပတ်ဝန်းကျင်ကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့ သူမရဲ့ လူမှုကွန်ယက် တွစ်တာကနေ ရေးသား ပြောကြားခဲ့ပါတယ်။

အဆိုပါတောမီးကြောင့် လက်ရှိအချိန်ထိ လူ ၃၀ ဦး သေဆုံးခဲ့ပြီး ၂၂၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ တောမီးဟာ မိုင်ပေါင်း ၆၂၀ ပတ်လည် လောင်ကျွမ်းနေပြီး အဆိုပါနေရာမှာတော့ ပြာပုံအတိဖြစ်သွားခဲ့ပါတယ်။ အိမ်ခြေပေါင်း ၂၇,၀၀၀ ကျော် မီးထဲပါသွားတယ်လို့ ခန့်မှန်းထားကြပါတယ်။

တောမီးကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ကျော်ကြားသူတွေထဲမှာ “မိုင်လီဆိုင်းရပ်စ်” အပြင်  “Robin Thicke” နဲ့ “April Love Geary” တို့ရဲ့  နေအိမ်တွေလည်း ပါသွားခဲ့ပါတယ်။

 “မိုင်လီဆိုင်းရပ်စ်” က တောမီးညှိမ်းသတ်ရာမှာ ကြိုးစားဆောင်ရွက်ခဲ့ကြတဲ့ မီးသတ်သမားများ၊ တာဝန်ကျရဲအရာရှိတွေကို ချစ်ခင်လေးစား မေတ္တာပို့ပါကြောင်းနဲ့ တောမီးဒဏ်သင့်ခဲ့သူတွေကို လှူဒါန်းနိုင်ပါကြောင်း ဆက်လက် ရေးသားခဲ့ပါတယ်။

တောမီးလောင်ကျွမ်းရတဲ့အပေါ်ကို သမ္မတဒေါ်နယ်ထရမ့်က ဒေါသူပုံထက သစ်တောထိန်းသိမ်းရေးအတွက် နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ ထုတ်ယူသုံးစွဲနေပေမယ့် တာဝန်ရှိသူတွေရဲ့ အစီစဉ်တွေ ညံ့ဖျင်းမှုကြောင့် အခုလို အကြီးအကျယ်ဆုံးရှုံးမှုတွေ၊ လူသေဆုံး ဒုက္ခရောက်မှုတွေ ဖြစ်ရတယ်လို့ သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။



Follow us on