1. Home
  2. International News

အစ္စရေးနဲ့ ပါလစ္စတိုင်း ဒုံးကျည်နဲ့ပစ်လွှတ် တိုက်ပွဲများပြင်းထန် (ရုပ်သံ)

International News พ.ย. 14, 2561 view 1,698

အစ္စရေးလေတပ်က ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းမှ တိုက်ခိုက်ချိန်မှာ ပါလစ္စတိုင်းစစ်သွေးကြွများက အစ္စရေးတို့အပေါ် ဒုံကျည်မိုးများ အဆက်မပြတ်ပစ်လွှတ်တိုက်ခိုက်ခဲ့ကြသည်။ ယခုဖြစ်စဉ်ဟာ ၂၀၁၄ ခုနှစ်ထဲက အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများထဲတွင် အပြင်းထန်ဆုံး တိုက်ခိုက်မှုလည်းဖြစ်သည်။


အစ္စရေးတို့ရဲ့ တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦးမှာ စစ်သွေးကြွများဖြစ်ကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလစ္စတိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးတို့က ဟားမတ်စ်အုပ်စုရဲ့ ရုပ်သံလွှင့်ဌါနထဲက သတင်းသမားများကို ဘေးလွတ်ရာသို့ ရှောင်ရှားရန် သတိပေးခဲ့ပြီးနောက် ရုပ်သံဌါနကို လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးခဲ့သည်။


အစ္စရေးမှာတော့ ပါလစ္စတိုင်း စစ်သွေးကြွများ၏ လက်ချက်ဖြင့် လူ ၇ ဦး ဒဏ်ရာရခဲ့ပြီး အသက် ၁၉ နှစ်အရွယ် စစ်သားတစ်ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့သည်။


လူနေထိုင်ရာနေရာများကို တိုက်ခိုက်ခံရမှုကြောင့် အသက် ၆၀ အရွယ်အမျိုးသားကြီး၏ အိမ်တည့်တည့်သို့ ဒုံးကျည်ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကြောင်း အမေရိကန်ဂျူးလူမျိုးများ ကော်မတီက ထပ်မံသတင်းထုတ်ပြန်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်က နောက်ထပ်စစ်ပွဲတွေ မဖြစ်အောင် တတ်နိုင်သမျှကြိုးစားသွားမယ်လို့  ပြောကြားပြီး နောက်တစ်ရက်မှာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီလိုအဖြစ်ဆိုးတွေကို ထိန်းသိမ်းနိုင်အောင် အီဂျစ်အနေနဲ့ ကြားထဲကဆောင်ရွက်မှုတွေ လုပ်နေခဲ့ပါတယ်လို့ ယူအန်က ပြောကြားခဲ့ပါတယ်။


ပြီးခဲ့တဲ့ တနင်္လာနေ့က စစ်သွေးကြွတွေဟာ တစ်နာရီအတွင်းမှာ ဒုံးကျည်အစင်းပေါင်း ၁၀၀ ခန့် ပစ်လွှတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သူတို့ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ ဘတ်စ်ကားတစ်စီးပေါ် ကျပြီးပေါက်ကွဲသွားတာကို ရုပ်သံမှာ မြင်တွေ့ရပါတယ်။




Follow us on