1. Home
  2. International News

နာဆာ၏ စူးစမ်းလေ့လာရေးယာဉ်ပျံငယ် အင်္ဂါဂြိုလ်ပေါ်သို့ အောင်မြင်စွာဆင်းသက်

International News พ.ย. 27, 2561 view 1,820

အင်္ဂါဂြိုလ်ကို လေ့လာစူးစမ်းရေးအတွက် နာဆာမှ တင်လွှတ်လိုက်သည့် စူးစမ်းလေ့လာရေးယာဉ်ငယ်ဟာ အာကာသအတွင်း ၇ လကြာ ခရီးသွားခဲ့ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့က အင်္ဂါဂြိုလ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။


ယာဉ်ပျံဟာ ဆင်းသက်ပြီး မိနစ်အနည်းငယ်မှာပင် မြေပြင်ရှိ နာဆာအာကာသစခန်းဆီသို့ အချက်ပြသံ ပေးပို့ခဲ့ပြီး အဓိပ္ပါယ်ကတော့ ထိခိုက်ပျက်ဆီးမှုမရှိပဲ အောင်မြင်ချောမွေ့စွာ ဆင်သက်နိုင်တယ်ဆိုတာဖြစ်ပါတယ်။ ဒါ့အပြင် သူဆင်းသက်နိုင်ခဲ့တဲ့ ဂြိုလ်ရဲ့ မျက်နှာပြင် ဓါတ်ပုံတွေကိုပါ ပေးပို့ခဲ့တာဖြစ်ပါတယ်။


အဆိုပါ ယာဉ်ပျံငယ် အင်္ဂါဂြိုလ်ပေါ် ဆင်းသက်မှုကို ကမ္ဘာတစ်ဝှမ်းလုံးက ကြည့်ရှုနေခဲ့ကြပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို နယူးရော့ခ်မြို့ တိုင်းမ်းစကွဲမှာလည်း ပြသထားခဲ့ပါတယ်။ အောင်မြင်စွာဆင်းသက်နိုင်ခဲ့မှုကြောင့် နာဆာရဲ့ ထိန်းချုပ်ရေးစင်တာ ခန်းမထဲမှာ လက်ခုတ်သံတွေ ဂုဏ်ယူချီးမွမ်းသံတွေ သောသောညံနေခဲ့ပါတယ်။


ယာဉ်ပျံဆင်းသက်ဖို့ ကြိုးစားနေစဉ်အချိန်မှာ နာဆာက သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အာကာသစခန်းက အာကာသယာဉ်မှူးတွေနဲ့ ချိပ်ဆက် မေးမြန်းရာမှာ အာကာသယာဉ်မှူးတွေကလည်း ယာဉ်ပျံဆင်းသက်တော့မှာကို ကြည့်နေရင်း ကြက်သီးများပင် ထမိကြောင်း ပြောဆိုခဲ့ပါတယ်။


ဒီနေ့ဟာဆိုရင် လူသားသမိုင်းတစ်လျှောက်လုံးမှာ အင်္ဂါဂြိုလ်ပေါ်ကို ၈ ကြိမ်မြောက် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်” လို့ နာဆာရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ Jim Bridenstine က ပြောဆိုခဲ့ပါတယ်။

စူးစမ်းယာဉ်ဟာ အင်္ဂါဂြိုလ်(မားစ်)ရဲ့ အတွင်းပိုင်းဖွဲ့စည်းပုံတွေကို လေ့လာသွာမှာဖြစ်ပြီး အဲဒီကနေ အဖိုးမဖြတ်နိုင်လောက်တဲ့ သင်ယူစရာတွေကို လေ့လာပြီး အာကာသယာဉ်မှူးတွေကို လပေါ် စေလွှတ်ပါမယ် လပေါ်ကနေမှတစ်ဆင့် အင်္ဂါဂြိုလ်ပေါ် ခရီးဆက်ပါမယ်” လို့ ပြောဆိုခဲ့ပါတယ်။


အမေရိကန်ရဲ့ ဒုသမ္မတ Mike Pence က နာဆာအဖွဲ့ကို ဆက်သွယ်ပြီး ဂုဏ်ယူကြောင်း ပြောကြားခဲ့တယ်လို့လည်း ဖြည့်စွက်ပြောခဲ့ပါတယ်။ အင်္ဂါဂြိုလ်ရဲ့ အတွင်းပိုင်းဖွဲ့စည်းမှု စူးစမ်းလေ့လာမှုများကို ၂ နှစ်ကြာပြုလုပ်သွားမည်ဖြစ်သည်။


စူးစမ်းလေ့လာရေးယာဉ်ဟာ အင်္ဂါဂြိုလ်ဆီကို ရောက်ရန် အမြင့်ဆုံးအရှိန်ဖြစ်တဲ့ တစ်နာရီလျှင် ကီလိုမီတာ ၆၂၀၀ နှုန်းနဲ့ မိုင်ပေါင်း ၃၀၁,၂၂၃,၉၈၁ အကွာအဝေးကို ဂြိုလ်တုငယ် နှစ်လုံးနဲ့အတူ ဂြိုလ်တုငယ် နှစ်လုံးနဲ့အတူ အာကာသထဲမှာ ခရီးနှင်ခဲ့ရတာဖြစ်ပါတယ်။


နာဆာဟာ ၁၉၆၅ ခုနှစ်ထဲက အင်္ဂါဂြိုလ်ရဲ့ ပတ်လမ်းနဲ့ မျက်နှာပြင်ပေါ်ကနေ ဂြိုလ်ရဲ့ ရာသီဥတု၊ ပတ်ဝန်းကျင်အနေအထား၊ မြေသားပုံစံနဲ့ မျက်နှာပြင်ပေါ်မှာ ရှိနေတဲ့ ဓာတုဗေဒ စတာတွေကို လေ့လာနေခဲ့ကြတာဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ဂြိုလ်ကြီးရဲ့ အတွင်းပိုင်ကို ဆက်လက်လေ့လာမှာဖြစ်ပြီး ထပ်မံ၍ လူသားများကိုယ်တိုင်သွားရောက်ကာ နေအဖွဲ့စည်းအတွင်းပိုင်းကို ထပ်မံစူးစမ်းသွားမည်ဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြပါရှိသည်။သတင်းတွင် ဖော်ပြပါရှိသည်။



Follow us on