1. Home
  2. International News

ဆရာဝန်အရက်မူးပြီး ဗိုက်ခွဲမွေးရာ မိခင်ရော ကလေးပါ သေဆုံး

International News พ.ย. 30, 2561 view 1,452

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်က ဆရာဝန်တစ်ဦးဟာ နိုဝင်ဘာလ ၂၇ ရက်နေ့က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ဗိုက်ခွဲမွေးစဉ် အရက်မူးနေတာကြောင့် ကလေးရော မိခင်ပါ သေဆုံးသွားသည့်အတွက် ဖမ်းဆီးခြင်းခံခဲ့ရသည်။

အရက်မူးနေပြီး ဖြစ်ကတတ်ဆန်း လုပ်ခဲ့တာကြောင့် ဗိုက်ခွဲမွေးပြီး သိပ်မကြာခင်မှာ ကလေးလေး သေဆုံးသွားခဲ့ပြီး ရှေ့ဆေင့်နောက်ဆင့်မှာပင် မိခင်ပါ ထပ်မံသေဆုံးသွားခဲ့တဲ့အတွက် မိသားစုတွေက ဆရာဝန်ရဲ့ ပေါ့ဆမှုကြောင့်ဟု စွပ်စွဲခဲ့ကြကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြထားသည်။

သေးဆုံးခဲ့ရတဲ့ မိခင် Ms Kamini Chanchi မှာ မီးဖွားလိုသဖြင့် ဗိုက်အောင့်တာကြောင့် တနင်္လာနေ့ညက ဆေးရုံသို့တင်ပို့ခဲ့သည်။ အစိုးရဆေးရုံများတွင် ၁၅ နှစ်ကြာမှ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဝါရင့်ဆရာဝန် Dr P.J Lakhani က တာဝန်ယူကာ ဗိုက်ခွဲပြီး မွေးဖွားခဲ့သည်။

အဲဒီနောက်မှာတော့ ကလေးသေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူမှာလည်း သွေးထွက်လွန်နေခဲ့သဖြင့် အမျိုးသမီးဆေးရုံကြီးသို့ ပြောင်းရွေ့စဉ် လမ်းမှာသေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဆရာဝန်အား အရက်မူးတိုင်းကရိယာဖြင့် စစ်ဆေးကြည့်ခဲ့ရာ အရက်သောက်မူးနေကြောင်း ပေါ်ပေါက်ခဲ့သည်။ သွေးနမူနာကိုလည်း စမ်းသပ်ရန် ပေးပို့ထားပြီး ဆရာဝန်ကိုတော့ ဖမ်းဆီးအရေးယူထားကြောင်း India Today သတင်းတွင် ဖော်ပြပါရှိသည်။



Follow us on