၁၄ ထပ်မြင့်မားသော နေအိမ်တိုက်တန်း၏ ခေါင်းမိုးပေါ်ကနေ အသက်အန္တရာယ်လုံခြုံရေး ပစ္စည်းများမပါပဲ တိုက်တစ်လုံးနဲ့ တစ်လုံကြား ခြေလွတ်လက်လွတ်ခုန်ကုန်ကူးခဲ့တဲ့ လူငယ် ၆ ဦးကို အိန္ဒိယနိုင်ငံမှ ပြည်နှင်ဒဏ်ပေးခဲ့သည်။
ဗြိတိသျှလူငယ်များဖြစ်ကြတဲ့ Benj Cave, Sacha Powell, Drew Taylor (အားလုံး ၂၄ နှစ်)၊ Max Cave (၂၆ နှစ်), Callum Powell (၂၇ နှစ်)နှင့် Joshua Burnett Blake တို့ဟာ မိုက်ရူးရဲ လူစွန့်စားအဖွဲ့များဖြစ်ကြပြီး အွန်လိုင်းမှာ ဖော်လိုဝါ သန်းနဲ့ချီ ပရိသတ်ရှိသူတွေဖြစ်ပါတယ်။ သူတို့ ၆ ဦးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အလွန်အန္တရာယ်များတဲ့ စတန့်တစ်ခုကို မွန်ဘိုင်းမှာ ရှိတဲ့ တိုက်ခေါင်မိုးပေါ်မှာ ပြုလုပ်ခဲ့ကြပြီး မှတ်တမ်းတင် ရိုက်ကူးနေကြစဉ် ဒေသခံများက တွေ့ရှိပြီး အန္တရာယ်များလွန်းသဖြင့် သက်ဆိုင်ရာကို သတင်းပို့ခဲ့ကြတဲ့အတွက် ထိမ်းသိမ်းခံခဲ့ရပါတယ်။
အဲဒီနောက် ပြည်ဝင်ခွင့်ဗီဇာ ပယ်ဖျက်ခံခဲ့ရပြီး ဗုဒ္ဓဟူးနေ့မှာတော့ သူတို့အားလုံး ပြည်နှင်ဒဏ် ပေးခံခဲ့ရပါတယ်။ သူတို့ တိုက်တွေ တစ်လုံးနဲ့တစ်လုံးကြား ခုန်ကူးနေကြတာကို ဒေသခံတွေက ရိုက်ကူးထားပြီး အဆိုပါရုပ်သံက လူမှုကွန်ယက်ပေါ်မှာ အလျှင်အမြန်ပျံ့နှံ့ခဲ့ပါတယ်။
“နှစ်ယောက်က စီးပွားရေးကိစ္စနဲ့ လာကြတာပါ၊ ဒါပေမယ့် ဗီဇာစည်ကမ်းတွေကို အန္တရာယ်ရှိတဲ့ စတန့်တွေ လုပ်ပြီး ချိုးဖောက်ခဲ့ပါတယ် ဒါကြောင့်မို့ သူတို့နိုင်ငံကို ချက်ခြင်းပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု အကြီးတန်းစုံးစမ်းစစ်ဆေးရေး ရဲအရာရှိ Diwakar Shelke က ပြောကြားခဲ့ပါတယ်။က ပြောကြားခဲ့ပါတယ်။