1. Home
  2. International News

ဂိုဒေါင်အတွင်း မှန်ချပ်ကြီးများ အထပ်လိုက်ပြိုကျကာ အလုပ်သမားများပေါ်ပိ (ရုပ်သံ)

International News ธ.ค. 03, 2561 view 1,909

ပစ္စည်းများသိုလှောင်ထားရာ ဂိုဒေါင်ကြီးတစ်ခုအတွင်း လေးလံသော မှန်ချပ်ကြီးများ အထပ်လိုက် ပြိုလဲကျကာ အလုပ်သမားများပေါ် ပိကျခဲ့မှုကြောင့် အလုပ်သမား ၅ ဦး ဒဏ်ရာများရရှိခဲ့ကြသည်။


အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဆီလီဂူရီမြို့ရှိ ဝဲဟောက်စ်တစ်ခုတွင် ပြီးခဲ့တဲ့ တနင်္လာနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အမျိုးသား အလုပ်သမား ၅ ဦး ဟာ မှန်ချပ်များကို ရွေးချယ်နေရင်း မှန်ချပ်အရေအတွက် များလာပြီးနောက် တောင့်မခံနိုင်တော့ပဲ မှန်ချပ်ပုံကြီး အရှိန်နဲ့လဲပြိုကျလာတာကို ခံလိုက်ရပါတယ်။


ကံဆိုးသည်ဆိုရမလား ကံကောင်းသည် ဆိုရမလားပင် မပြောတတ်ပါ။ အလုပ်သမားများ၏ နောက်တွင် သစ်သားခုံရှည်ကြီး တစ်လုံးရှိနေသဖြင့် ခုံရှည်ကြီးနဲ့ မှန်ချပ်ကြီးများကြားညပ်ကာ ပြင်ထန်သော အရှိန်နဲ့ ဆောင့်ကျခဲ့တာကြောင့် အနည်းဆုံး ခါးဒဏ်ရာများ ရရှိသွားမည်ဖြစ်ပါတယ်။ အကယ်၍ သစ်သားခုံကြီး မရှိရင် အခြေအနေက ပို၍ ဆိုးကောင်းဆိုးသွားနိုင်မည်ဖြစ်သည်။


မှန်ချပ်များ ပိခဲ့သော အလုပ်သမား ၅ ဦးကို အနည်းဆုံး အလုပ်သမား ၂၅ ဦးရဲ့ အင်အားဖြင့် မှန်ချပ်များကို ဝိုင်းဝန်းဖယ်ရှားပြီး ပြန်လည်ကယ်ဆယ်ခဲ့ရသည်။ ကံကောင်းစွာဖြင့် စိုးရိမ်ရလောက်သည်ထိ ဒဏ်ရားများ မရရှိခဲ့ကြောင်း အိန္ဒိယသတင်းတွင် ဖော်ပြပါရှိသည်။




Follow us on