1. Home
  2. International News

ဆင်ကိုကားနဲ့တိုက်မိသူကို ဆင်ကပြန်လည်နင်းသတ်

International News ธ.ค. 04, 2561 view 1,496

ထိုင်းနိုင်ငံတွင် ဆင်တစ်ကောင်ကို ကားကဝင်တိုက်မိခဲ့ပြီးနောက် ဆင်က မုန်ယိုဒေါသထွက်ကာ ယာဉ်မောင်းကို ခြေထောက်နဲ့ နင်းသတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦး နေရာတင် သေဆုံးခဲ့ရသည်။

အသက် ၅၈ နှစ်အရွယ် Nakharin Boonchai ဆိုသူ အမျိုးသားက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်ရှိ “ခအိုရိုင် အမျိုးသားသဘာဝဥယျာဉ်” အနီးရှိ ကားလမ်းမပေါ် ညပိုင်းအချိန် ဖြတ်သန်း မောင်းနှင်လာစဉ် လမ်းဖြတ်ကူးနေသော ဆင်ကြီး၏ အနောက်ခြေထောက်ကို ဝင်တိုက်မိခဲ့သဖြင့် ကားရှေ့ပိုင်း ထိခိုက်သွားပြီး ကားအတွင်းညပ်နေစဉ် ကားတိုက်ခံလိုက်ရသော ဆင်ကြီးက ဒေါသဖြစ်ကာ ယာဉ်မောင်းသူ တည့်တည့်ရှိရာနေရာကို ကားခေါင်းမိုးပေါ်ကနေ ခြေထောက်နဲ့ ဆောင့်နင်းသတ်ခဲ့သဖြင့် သေဆုံးသွားခဲ့သည်။


ထိုနောက် ဆင်ကြီးက ကားကို ဒေါသတကြီး ထပ်ခါထပ်ခါ ဆောင့်နင်းခဲ့တာကြောင့် ကားရှေ့ပိုင်း စက်ခန်းတစ်ခုလုံးလည်း ကြေမွသွားခဲ့သည်။ အဆိုပါလမ်းမပေါ်တွင် ဆင်များ၊ တောရိုင်းတိရိစ္ဆာန်များ လမ်းဖြတ်ကူးလေးရှိသဖြင့် သတိပေး ဆိုင်းဘုတ်များထောင်ထားကြောင်း၊ ဆင်တွေဟာ နေ့ပိုင်းမှာ ထွက်လာလေ့မရှိပဲ ညပိုင်းကြမှသာ ထွက်လာတတ်ကြောင်း ဒေသဆိုင်ရာ ရဲအရာရှိ Kemchat Paedkaew က ပြောကြားခဲ့သည်။


ဒေသခံတွေက သူ့ကိုသတိထားမောင်းရန် လက်ဝှေ့ယမ်း အချက်ပြခဲ့ပေမယ့် သူက သတ်မပြုမိခဲ့ကြောင်း ဘန်ကောက်ပိုစ့်သတင်းတွင် ဖော်ပြထားသည်။ Boonchai ဟာ ကယ်ဆယ်ရေးအဖွဲ့ ရောက်လာချိန်မှာ အသက်ငွေငွေ့လေး ရှိသေးပြီး မကြာမီမှာပဲ သေဆုံးသွားခဲ့ပါတယ်။

ကားတိုက်ခံရတဲ့ ဆင်ရဲ့ ခြေထောက်နှစ်ဖက် ဒဏ်ရာရရှိထားပြီး တစ်ဖက်ကတော့ သွေးတွေအတော်လေး ထွက်နေခဲ့ကြောင်း၊ ပြီးရင်တော့ ဒီဆင်ကြီးကို သက်ဆိုင်ရာက ဥယျာဉ်ထဲ ပြန်သွင်းပြီး ကြည့်ရှုစောင့်ရှာက်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။



Follow us on