1. Home
  2. International News

အမျိုးသား ၂ ဦး က မကျေနပ်၍ အမျိုးသမီး ၁ ဦးအား ဓာတ်ဆီလောင်း မီးရှို့

International News ธ.ค. 04, 2561 view 1,533

မတော်မတရားပြုရန် ကြံစည်မှုဖြင့် အမှုဖွင့်ခံထားရသူ အမျိုးသားနှစ်ဦးက ယင်းအမျိုးသမီးကို ဓါတ်ဆီနဲ့လောင်းကာ မီးရှို့ခဲ့သဖြင့် အမျိုးသမီး၏ ခန္ဓာကိုယ်တွင် ၄၀% မီးလောင်ကျွမ်းခံရမှုတစ်ခု အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့သည်။

အိန္ဒိယနိုင်ငံ အက်တာပရာဒက်ရှ်ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး အိမ်အနီးနားရှိ လယ်ကွင်းထဲတွင် ရှိနေစဉ် အိမ်နီးနားချင်း အမျိုးသားနှစ်ဦး (မိသားစုချင်းလည်း ရင်းနှီးသူ) ရောက်လာပြီး အ မိန်းကလေးရဲ့ မောင်ဖြစ်သူ Vinod Kumar ရဲ့ ရှေ့မှာတင် ဖမ်းချုပ်ကာ တရွတ်တိုက် ဆွဲခေါ်သွားခဲ့ပါတယ်။

မိန်းကလေးက အမျိုးသားတွေရဲ့ လက်ကို ကိုက်ပြီး အတင်းလွတ်အောင် ပြန်ရုန်းကာ ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက် ဖခင်ဖြစ်သူ သိရှိသွားပြီး အဆိုပါနေ့မှာပင် ရဲစခန်းကို အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ရဲစခန်းက အရေးယူမှု တစ်စုံတစ်ရာ မရှိခဲ့သည့်အတွက် ဒုတိယအကြိမ် ထမ်မံသွားရောက် တိုင်ကြားခဲ့ပြန်ပါတယ်။

နောက်တစ်နေ့မှာတော့ အမျိုးသား ၂ ဦးဟာ မိန်းကလေး အလုပ်လုပ်နေတဲ့ လယ်ကွင်းထဲ လိုက်လာပြီး ဓါတ်ဆီတွေနဲ့ ပက်ကာ မီးရှို့ခဲ့ကြောင်း နယ်မြေခံရဲအဖွဲ့က ပြောကြားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် ဆေးရုံတင်ပို့ခဲ့ရပြီး ခန္ဓာကိုယ်ရဲ့ ၄၀% လောက် လောင်ကျွမ်းခံခဲ့ရသည်။ ကျူးလွန်သူ အမျိုးသား ၂ ဦးနဲ့ အရေးယူရန် တာဝန်ပျက်ကွက်ခဲ့တဲ့ ရဲ ၃ ယောက်ကိုလည်း ဖမ်းဆီးထားပြီးဖြစ်ကြောင်း သိရှိရသည်။


အိန္ဒိယနိုင်ငံတွင် မိန်းကလေးများကို လိင်အကြမ်းဖက်ကျူးလွန်ရယူမှုပေါင်း များစွာရှိနေပြီး တိုင်ကြားသည့်အခါတွင်လည်း သက်ဆိုင်ရာရဲများက လစ်လျူရှုမှုတွေ ရှိနေတဲ့အတွက် အမျိုးသမီးထုကြီး အကာအကွယ်ရရန် တက်ကြွလှုပ်ရှားသူများကလည်း အဆက်မပြတ်တောင်းဆို လျှက်ရှိကြောင်း သိရှိရသည်။



Follow us on