1. Home
  2. International News

တစ်နှစ်ကို ဒေါ်လာ၂၂ သန်းဝင်ငွေရှိနေတဲ့ ၇ နှစ်သားအရွယ်ကလေးငယ်

International News ธ.ค. 05, 2561 view 1,587

ကလေးငယ်တစ်ဦးဟာ ကစားစရာလုပ်ငန်း ကုမ္ပဏီတွေရဲ့ အသစ်ထုတ်လုပ်လိုက်တဲ့ ကစားစရာမျိုးစုံကို ကစားပြနေရုံနဲ့ တစ်နှစ်ကို ဒေါ်လာ (၂၂)သန်းအထိ ဝင်ငွေရှိနေတယ်လို့ သိရပါတယ်။ ဒါဟာ သိရင် သင်အနေနဲ့ အံ့အားသင့်စရာဖြစ်ပေမဲ့ ဒါက တကယ့်အမှန်တရား တစ်ခုပါ။


သူဟာ YouTube မှာ ဗွီဒီယိုတွေ လွှင့်တင်ရင်း ဒီငွေတွေကို ရှာနိုင်တာ ဖြစ်ပါတယ်။ နောက်ထက် ကစားစရာလုပ်ငန်း ကုမ္ပဏီဆီမှ စပွန်ဆာတွေဆီက ရတဲ့ အကျိုးအမြတ်တွေလည်းရရှိပါတယ်တဲ့။ ကလေးရဲ့နာမည်ကတော့ Ryan ဖြစ်ပါတယ်။

ကလေးတစ်ယောက်က ဒီလောက် ဝင်ငွေရှာနိုင်တာဟာ အခုခေတ်မှာတော့ သိပ်သံသယပွားဖွယ်ရာ မရှိပါဘူး။ အကြောင်းကတော့ လက်ရှိ ဆိုရှယ်မီဒီယာခေတ်ကြီးမှာ သူလို့နည်းနဲ့ အောင်မြင်နေသူတွေ အများကြီးပါ ။ Ryan ရဲ့ YouTube ဆိုက်ကတော့ Ryan ToysReview ဖြစ်ပါတယ်။


Ryan ToysReview ဟာ ယခုနှစ်မှာ ထုတ်ပြန်တဲ့ Forbes ရဲ့ ဝင်ငွေအများဆုံး YouTube ချန်နယ် (၁၀)ခုစာရင်းမှာလည်း ဝင်ရောက်နိုင်ခဲ့ပြီး၊ (၂၀၁၈) တစ်နှစ်တည်းမှာပင် Ryan ဟာ ဒေါ်လာ (၂၂)သန်း ရှာနိုင်ခဲ့တာပါ။ ကလေး တစ်ယောက် ရဲ့ Youtube Channel ကနေ ဝင်ငွေရှာနိုင်တာ့ အံသြစရာပါပဲ။

Ryan ဟာသူ၏ YouTube Channel ကို ၂၀၁၅ မှာစတင် တည်ဆောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် သူ့မှာ YouTube ပရိသတ် (၁၇)သန်းနဲ့ (၂)သိန်းကျော် ရှိနေပါတယ် ။ ဒီလောက်များပြားတဲ့ ဖန်တွေဟာ တော်ရုံဆယ်လီတောင် လိုက်လို့မမီနိုင်ပါဘူး။


YouTube ကနေ့ နေ့စဉ် View (၅)သောင်းလောက် ရှိနေရုံနဲ့ သင်ဆိုရင်လည်းတစ်နှစ်ကို ဒေါ်လာ (၅)သန်းလောက် အသာလေးရရှိနိုင်တာမို့ သင်လည်း YouTube ချန်နယ်တစ်ခု ဖွင့်ထားလိုက်တော့ဗျာ။
ရုပ်သံ

Ref : CNBC



Follow us on