1. Home
  2. International News

Huawei(ဟွားဝေ)ကုမ္ပဏီ၏ ဘဏ္ဍာရေးမှူး ကနေဒါနိုင်ငံတွင် ဖမ်းဆီးခံရ

International News ธ.ค. 06, 2561 view 1,605

ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းကုမ္ပဏီ ဟွားဝေ၏ စာရင်းအင်းနဲ့ ဘဏ္ဍာရေးအရာရှိချုပ် “Meng Wanzhou” ကို အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ထားမှု ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဒီဇင်ဘာလ ၁ ရက်နေ့က ကနေဒါနိုင်ငံ ဘန်ကူးဗားမြို့မှာ ဖမ်းဆီးခဲ့ပါတယ်။ “Meng” ကို အမေရိကန်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးဖို့ အခြေအနေလည်းရှိနေပါတယ်။

“Meng Wanzhou” ဟာ ဟွားဝေးကုမ္ပဏီကို ထူထောင်ခဲ့သူရဲ့ သမီးလည်းဖြစ်ပြီး ကုမ္ပဏီရဲ့ ဘဏ္ဍာရေးကိစ္စအဝ,ဝတို့ရဲ့ စားရင်းအင်းဆိုင်ရာ အရာရှိချုပ် CFO(Chief Finance Office) လည်း ဖြစ်ပါတယ်။


အမေရိကန်တို့က အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားတဲ့ ဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရပြီးနောက် အခုလို ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ “Meng” အနေနဲ့ သူမကုမ္ပဏီက ဘာအမှားအယွင်းမှ လုပ်ထားတာမရှိဘူးလို့ ဆိုပါတယ်။

“Meng” ကို ဖမ်းဆီးထားတဲ့ ကိစ္စနဲ့ပက်သက်ပြီး အိုတာဝါမှာရှိတဲ့ တရုပ်သံရုံးက သူမကို ပြန်လွှတ်ပေးဖို့ ဖုန်းဆက်ပြီး ပြောဆိုခဲ့ပါတယ်။ အမေရိကန်နဲ့ ကနေဒါဘက်က အခုလို မှဦးယွင်းပြီး တင်းမာတဲ့လုပ်ဆောင်ချက်တွေကို ချက်ချင်းပြန်ပြင်ပြီး Ms. Meng Wanzhou ကို ချက်ခြင်းပြန်လွှတ်ပေးဖို့ တရုပ်သံရုံးက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဟွားဝေးကုမ္ပဏီဟာ ကမ္ဘာ့အကြီးဆုံး တယ်လီဖုန်းဆက်သွယ်ရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေ ထုပ်လုပ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ယခုဘဏ္ဍာရေးနှစ်ဝက်ရှငလ်းတမ်းအရ Apple ရဲ့ စမတ်ဖုန်းတွေထက် ပိုပြီးရောင်းချခဲ့ရသလို ဈေးကွက်မှာ ဦးဆောင်နေတဲ့ Samsung ကိုလည်း ကျော်တက်သွားတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

အမေရိကန်အာဏာပိုင်တွေက ဟွားဝေ နည်းပညာကုမ္ပဏီအနေနဲ့  အီရန်ပေါ်မှာ ပိတ်ဆို့ထားတဲ့ ဥပဒေတွေကို ချိုးဖောက်ခဲ့လားဆိုတာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။တွေကို ချိုးဖောက်ခဲ့လားဆိုတာ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။



Follow us on