1. Home
  2. International News

ကျောင်းသူလေးတစ်ဦးအတွက် နေ့စဉ်ရထားပြေးဆွဲပေးနေတဲ့ ရထားကုမ္ပဏီတစ်ခု

International News ธ.ค. 10, 2561 view 1,731

ဂျပန်နိုင်ငံမှ ပုဂ္ဂလိက ရထားကုမ္ပဏီတစ်ခုဖြစ်တဲ့ Hokkaido Railway Company အမည်ရ ရထားကုမ္ပဏီဟာ ဘူတာတစ်ခုကို ပိတ် သိမ်းတော့မယ့်အကြောင်း ကြေညာလိုက်ပါတယ်။ အကြောင်းကတော့ ယင်း ဘူတာမှ ရထားစီးခရီးသည်ဟာ တစ်နေ့လျှင် ရထားစီးမဲ့ လူကတစ်ယောက်တည်းသာ ရှိပါတယ်။


ဂျပန်နိုင်ငံမှ ပုဂ္ဂလိက ရထားကုမ္ပဏီတစ်ခုဖြစ်တဲ့ Hokkaido Railway Company အမည်ရ ရထားကုမ္ပဏီဟာ ဘူတာတစ်ခုကို ပိတ် သိမ်းတော့မယ့်အကြောင်း ကြေညာလိုက်ပါတယ်။ အကြောင်းကတော့ ယင်း ဘူတာမှ ရထားစီးခရီးသည်ဟာ တစ်နေ့လျှင် ရထားစီးမဲ့ လူကတစ်ယောက်တည်းသာ ရှိပါတယ်။


အဆိုပါ ဘူတာလေးဟာ ဂျပန်နိုင်ငံရဲ့ ဝေးလံသီခေါင်တဲ့ နေရာမှာတည်ရှိပြီး၊ အသုံးပြုသူ မရှိသလောက် နည်းပါးတယ်လို့ သိရပါတယ်။ ဘူတာလေးရဲ့နာမည်ကတော့ Kami-Shirataki ဖြစ်ပြီး မနက်(၇.၀၄)နာရီမှာ ကျောင်းသူလေးတစ်ယောက် ပုံမှန်ရထားစီးလေ့ရှိပြီး၊ ညနေ (၅.၀၈)နာရီမှာတော့ အဲဒီဘူတာမှာပဲ ပြန်ဆင်းလေ့ရှိတယ်လို့ ဆိုပါတယ်။

သူတို့ရထားကုမ္ပဏီဟာ ငွေကုန်ကြေးကျခံပြီး သက်သက် ပြေးဆွဲပေးခဲ့ပေမယ့် ခရီးသည်ဦးရေ တိုးပွားလာခြင်းမရှိလို့ ရပ်နားဖို့ ဆုံးဖြတ်ခဲ့တာပါ။ သို့သော်လည်း တစ်ဖက်က ဒီရထားကိုသာ အားကိုးအားထားပြုနေရတဲ့ ကျောင်းသူလေးရဲ့အခက်အခဲကိုလည်း ထည့်သွင်းစဉ်းစားရပါသေးတယ်။


ဒါကြောင့် မိမိတို့ရဲ့ ရထားခရီးစဉ်ကို အသုံးပြုပြီး ကျောင်းသွားနေခဲ့တဲ့ ကောင်မလေးက ဘွဲ့မရသေးခင်အထိ ဘူတာကိုပိတ်သိမ်းမယ့် အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Hokkaido Railway Company ကုမ္ပဏီရဲ့လုပ်ရပ်ကို လူမှုကွန်ရက်မှာ ချီးကျူးနေကြပါတယ်။


အမြဲတမ်း ခရီးစဉ်ကို အားပေးတဲ့ ကျောင်းသူလေးတစ်ယောက်ပင် ရှိလင့်ကစား၊ သူမရဲ့ ပညာရေးကို ငဲ့ကွက်ပြီး ဘူတာကို ပိတ်သိမ်းမယ့်အစီအစဉ်ကို ရွှေ့ဆိုင်းထားခြင်းဟာ ပညာရေးကို အားပေးတဲ့နိုင်ငံတစ်ခုအဖြစ်၊ ချီးကျူးဖွယ်ရာပင် ဖြစ်ပါတယ်။
source : mirror.co.uk



Follow us on