1. Home
  2. International News

ဟွားဝေ(Huawei) အသုံးချပြီး တရုပ်က ထောက်လှမ်းမှုတွေပြုလုပ်မှာ အမေရိကန်စိုးရိမ်

International News ธ.ค. 11, 2561 view 1,455

တရုပ်နည်းပညာကုမ္ပဏီဖြစ်တဲ့ ဟွားဝေရဲ့ တယ်လီကွန်မြူနီကေးရှင်း ပစ္စည်းတွေ အသုံးပြုခြင်းက ဆိုက်ဘာ လုံခြုံရေးအတွက် အန္တရာယ်များကြောင်း အမေရိကန်နိုင်ငံက သူ့နဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်တဲ့ ဂျာမဏီ၊ အီတလီ နဲ့ ဂျပန် စတဲ့ နိုင်ငံတွေကို အသိပေးပြောကြားလိုက်ပါတယ်။

ဟွားဝေရဲ့ ပစ္စည်းတွေ အသုံးပြုခြင်ကြောင့် ဆိုက်ဘာကွန်ယက် လုံခြုံရေးအတွက် စိုးရိမ်စရာကောင်းကြောင်း ပြောဆိုခဲ့သလို ယခုနှစ်အစောပိုင်းကာလကစပြီး အမေရိကန်နိုင်ငံသားတွေကိုလည်း ဟာဝေး ထုတ်ကုန်တွေ အသုံးမပြုသင့်ကြောင်း နှိုးဆော်ခဲ့ပါတယ်။

အမေရိကန်တို့အနေနဲ့ တရုပ်အစိုးရရဲ့ လွှမ်းမိုးမှုရှိနေတဲ့ ဟွားဝေ နည်းပညာပေါ်မှာ သင်္ကာမကင်းဖြစ်နေတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်စပိုင် အေဂျင်စီတွေက ဒီလိုနည်းလမ်းမျိုးကို ယခင်က အသုံးပြုခဲ့ဖူးလို့လည်းဖြစ်ပါတယ်။

အနောက်နိုင်ငံ အစိုးရတွေဟာ ဟွားဝေနဲ့ ပက်သက်ရင် အထူးသတိထားနေခဲ့တာကြာပြီဖြစ်ပါတယ်။ ဟွားဝေ နည်းပညာကုမ္ပဏီကို တည်ထောင်ခဲ့သူ Ren Zhengfei ဟာ တရုပ်ပြည်သူ့လွပ်မြောက်ရေး စစ်တပ်က စစ်သားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

ရှန်ကျန်း အခြေစိုက် ဟွားဝေကုမ္ပဏီကို ၁၉၈၇ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး အခုဆိုရင် ကမ္ဘာ့အကြီးဆုံး တယ်လီကွန်း ကွန်ယက်ဆက်သွယ်ရေးအတွက် အထောက်အပံ့ပစ္စည်းတွေ ထုပ်လုပ်ပေးနေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ ဟွားဝေဟာ သူနဲ့လုပ်ငန်းတူ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Cisco, Ericsson နဲ့ Nokia ကုမ္ပဏီတို့ကို ကျော်တက်နိုင်ခဲ့ပါတယ်။

ဟွားဝေဟာ နိုင်ငံတစ်ကာ ဆက်သွယ်ရေးစနစ်အတွက် အထောက်အပံ့ပစ္စည်းတွေ ထုပ်လုပ်ပံ့ပိုးရင်း တရုပ်အစိုးရရဲ့ ထရိုဂျင်မြင်း(စောင့်ကြည့်သူလျှို) ဖြစ်နိုင်တယ်လို့ ဝေဖန်သူတွေက မြင်နေကြပါတယ်။ ဟွာဝေးကို အသုံးပြုပြီး နိုင်ငံတစ်ကာ ဆက်သွယ်ရေးစနစ်တွေကို အဝေးထိန်းစနစ်နဲ့ တရုပ်အစိုးရက ထိန်းချုပ်နိုင်အောင် လုပ်ဆောင်နေတယ်ဆိုတဲ့ သံသယ စွပ်စွဲချက်ကို ဟွာဝေးက မဟုတ်ကြောင်း ငြင်းပယ်ထားပါတယ်။

လက်ရှိမှာ ဟွာရေးကုမ္ပဏီရဲ့ ဘဏ္ဍာရေးမှူး Ms Meng Wanzhou (ဟွားဝေးတည်ထောင်သူရဲ့သမီး) ကို ကနေဒါနိုင်ငံမှာ ဖမ်းဆီးထားပြီး အမေရိကန်နိုင်ငံကို လွှဲပြောင်းပေးဖို့ ရှိနေပါတယ်။ အမေရိကန်တို့က အီရန်ကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားတဲ့အချိန်မှာ ဟွာဝေးက တစ်ဖက်လှည့်နဲ့ ဆက်သွယ်ရေးနည်းပညာပစ္စည်းတွေ တင်ပို့ရောင်းချခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ဒီဇင်ဘာလ ၁ ရက်နေ့က ကနေဒါနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

တရုပ်အစိုးရက Ms Meng Wanzhou ကို ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုထားပြီး လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ ဆိုးရွားလာနိုင်တယ်လို့ ခြိမ်းခြောက်ထားပါတယ်။



Follow us on