1. Home
  2. Special or Others

ဖုန်းကိုရေချိုးခန်းထဲထိ ယူသွားတဲ့ ဆယ်ကျော်သက်မိန်းကလေး ဓါတ်လိုက်သေဆုံး

Special or Others ธ.ค. 11, 2561 view 1,849

ဘယ်နေရာသွားသွား ဖုန်းကို ကိုယ်နဲ့မကွာယူသွားတတ်သူတွေ သတိပြုရမယ့် စိတ်မကောင်းစရာ သတင်းလေးဖြစ်ပါတယ်။ ရုရှားနိုင်ငံက ကိုယ်ခံပညာ ချံပီယံလည်းဖြစ် ဆယ်ကျော်သက် လူငယ်တွေကြားမှာ အတုယူစရာ မိန်းကလေးတစ်ယောက်အဖြစ် ထင်ရှားကျော်ကြားတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ ဒီဇင်ဘာလ ၈ ရက် စနေနေ့က ရေချိုးခန်းထဲမှာ မမျှော်လင့်ပဲ ဓါတ်လိုက်သေဆုံးခဲ့ပါတယ်။

Irina Rybnikova အသက် ၁၅ နှစ်အရွယ် မိန်းကလေးဟာ လက်ဝှေ့နဲ့ နပမ်းရောစပ်ထားတဲ့ ‘ပန်ကရေးရှင်း’ ကိုယ်ခံပညာကစားနည်းမှာ ချံပီယံလည်းဖြစ်ပါတယ်။ သူမဟာ ဆိုက်ဘေးရီယန်း စက်မှုမြို့တော်မှာရှိတဲ့ သူမရဲ့ နေအိမ် ရေချိုးခန်းထဲမှာသေဆုံးခဲ့တာပါ။


မိသားစုရဲ့ အဆိုအရ သူမဟာ ရေချိုးခန်းဝင်ချိန်မှာ သူမရဲ့ iPhone ကိုယူသွားခဲ့ပြီးနောက် ရေချိုးခန်းထဲမှာ ဖုန်းအားသွင်းခဲ့ပါတယ်။ အဲဒီနောက် သူမဟာ ရေစိမ်ကန်ထဲမှာ ပလပ်တပ်ပြီး အားသွင်းနေဆဲ ဖုန်းကို အသုံးပြုနေစဉ် ဖုန်းက ရုတ်တရက် လက်ကနေချော်ထွက်ကာ ရေကန်ထဲကျသွားရာကနေ ဓါတ်လိုက်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။


သူမဟာ ‘ပန်ကရေးရှင်း’ ကစားနည်းမှာ လွန်ခဲ့တဲ့ ၂ လခန့်က ချံပီယံဖြစ်ခဲ့ပြီး နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံထားရသူလည်း ဖြစ်ပါတယ်။ သူမရဲ့ အိမ်မက်က ကမ္ဘာ့ချံပီယံဖြစ်ချင်တယ်လို့ သူငယ်ချင်းတွေကနေတစ်ဆင့် သိရှိရပါတယ်။


ဒါပေမယ့် အခုတော့ ဖုန်းကို အစွဲလန်းကြီးပြီး မမျှော်လင့်တဲ့ မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ရတဲ့အတွက် မိသားစုတွေနဲ့အတူ သူမကို အားပေးကြတဲ့ ပရိသတ်တွေ သူငယ်ချင်းတွေက နှမြောတသကျန်ရစ်ခဲ့ကြပါတယ်။


လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း ဖုန်းအားသွင်းရင် နားကြပ်တပ်ပြီး သီချင်းနာထောင်ခဲ့သူ မလေးရှားနိုင်ငံမှ ကျောင်းသားလေး တစ်ဦးလည်း ဓါတ်လိုက်သေဆုံးခဲ့ရပါသေတယ်။ ဒါကြောင့်မို့ ဖုန်းအားသွင်းရင်း ဖုန်းအသုံးပြုခြင်းက အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ရှိတာကြောင့် အထူးဆင်ခြင်သင့်ပါတယ်။



Follow us on