BEC-TERO TV

ဖုန်းသုံးရင်း နားကြပ်မှတစ်ဆင့် ဓာတ်လိုက်ပြီး ၁၆ နှစ်အရွယ် ကျောင်းသားသေဆုံး

10 Dec 2018     2,231 Views


မလေးရှားနိုင်ငံမှ အသက် ၁၆ နှစ်အရွယ် ကျောင်းသားလေးတစ်ဦးဟာ ဖုန်းကို အားသွင်းထားရင်း နားကြပ်နဲ့ သီချင်းနားထောင်စဉ် ဓါတ်လိုက် သေဆုံးခဲ့မှု ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့ပါတယ်။

Mohammed Aidil Azzahar Zaharin ဆိုသူ ကျောင်းသားလေးဟာ နားကြပ်နဲ့ သီချင်နားထောင်ရင်း အိပ်တတ်တဲ့အကျင့်ရှိသူဖြစ်ပါတယ် နောက်တစ်နေ့ နံနက်မှာ အိပ်ယာက ထမလာတဲ့အတွက် သူရဲ့ မိခင်ဖြစ်သူ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးက သူ့သားအိပ်ပျော်နေသေးတယ်ထင်ပြီး အလုပ်ကို ထွက်ကို ထွက်သွားခဲ့ပါတယ်။


ညနေအလုပ်မှ ပြန်ရောက်လာချိန်ထိ ကလေးက အိပ်နေတာကို တွေ့ရတဲ့အခါ နှိုးကြည့်ခဲ့ပေမယ့် နှိုးလို့မရတော့တဲ့အတွက် အရေးပေါ်ကို ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရောက်လာပြီး စမ်းသပ်တဲ့အခါ ကလေးဟာ သေဆုံးနေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ကလေးခန္ဓာကိုယ်မှာ အခြားဒဏ်ရာတွေ ဘာမှမတွေ့ရပဲ သူ့ရဲ့ ဘယ်ဖက်နားထဲက သွေးတွေယိုစီးနေတာကိုသာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ မှုခင်းဆေးစစ်ချက်အရ ဓါတ်လိုက်ပြီး သေဆုံးတယ်လို့ အဖြေထွက်ခဲ့ပါတယ်။

ဖုန်းအားသွင်းကြိုးကို ကိုက်ကြည့်လိုက်ချိန်မှာ ညှော်နံ့ရကြောင်း သေဆုံးသူရဲ့ အစ်ကိုဖြစ်သူက ပြောကြားခဲ့ပါတယ်။ ကလေးဟာ ဖုန်းအားသွင်းနေစဉ် နားကြပ်တပ်ကာ သီချင်းနာထောင်ခဲ့ပြီး အားသွင်းကြိုးကနေတစ်ဆင့် နားကြပ်သို့ လျှပ်စစ်စီးပြီး ဓါတ်လိုက်ကာ သေဆုံးခဲ့ရခြင်းဖြစ်သည်။


10 Dec 2018     2,231 Views




RELATED

Most Popular of Special or Others

Most Popular of NEWS