1. Home
  2. International News

ရေနံသူခိုးတွေကြောင့် ပင်လယ်ထဲ့ ရေနံတွေ ယိုဖိတ်ခဲ့တဲ့ ရုပ်သံ

International News ธ.ค. 11, 2561 view 1,610

ဘရာဇီးနိုင်ငံက ဂွမ်နာဘားရား ပင်လယ်အော်မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရေနံသူခိုးတွေရဲ့ လက်ချက်ကြောင့် ဆိုးရွားတဲ့ ရေနံယိုဖိတ်မှုကြီးတစ်ရပ် ဖြစ်ပေါ်ခဲ့ပါတယ်။

ရေနံ သူခိုးတွေဟာ ရေနံခိုးဖို့အတွက် ရီယိုဒီဂျနေးရိုးမြို့အနီးက ပိုက်လိုင်းတစ်ခုကို ဖောက်ခဲ့ရာကနေတဆင့် ရေလမ်းကြောင်း ၄ ကီလိုမီတာ ( ၂ မိုင်ခွဲ) တစ်လျှောက်မှာ ရေနံစိမ်းတွေ ယိုဖိတ်သွားခဲ့တာဖြစ်ပါတယ်။ယင်း ရေနံယိုဖိတ်မှုကြောင့် လမုတောတွေနဲ့ ရေနေသက်ရှိ အများအပြားကို ထိခိုက်သွားစေခဲ့ကြောင်း ဘရာဇီး သတ္တဗေဒပညာရှင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ယင်းပိုက်လိုင်းကို စီမံခန့်ခွဲနေတဲ့ Transpetro ကလည်း ခုဖြစ်စဉ်ဟာ မသမာသူတွေ ရေနံ ခိုးယူမှုကနေ ဖြစ်လာတဲ့ မလိုလားအပ်တဲ့ ပြဿနာတစ်ရပ် ဖြစ်ကြောင်း ထုတ်ပြန်သွားပါတယ်။ခုကိစ္စကို အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးသွားမယ်လို့လည်း Transpetro ကုမ္ပဏီက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နောက်ပိုင်း ဂွမ်နားဘာရား ပင်လယ်အော်ထဲကို စီးဝင်တဲ့ အက်စထရီလာ မြစ်ထဲမှာ ရေနံ လီတာပေါင်း ၆၀,၀၀၀ (ဂါလံပေါင်း ၁၅,၈၅၀) လောက် ယိုဖိတ်ခဲ့ကြောင်း သိရပါတယ်။ထိုနောက် ပျက်စီးသွားတဲ့ ပိုက်လိုင်းကို ပြန်လည် ဖာထေးပြုပြင်ခဲ့ရပြီး ဒီဇင်ဘာ ၁၀ ရက်အထိ ယိုဖိတ်ရေနံ ၇၅ ရာခိုင်နှုန်းမျှကို ပြန်လည်ရှင်းလင်းပေးပြီး ဖြစ်တယ်လို့လည်း ကုမ္ပဏီက ပြောသွားပါတယ်။
ecowatch



Follow us on