ဒီဇင်ဘာလ ၁ ရက်နေ့က ကနေဒါနိုင်ငံတွင် ဖမ်းဆီးခံထားရသော ဟွားဝေနည်းပညာကုမ္ပဏီ၏ ဘဏ္ဍာရေးမှူးလည်းဖြစ် ကုမ္ပဏီတည်ထောင်သူ၏ သမီးလည်းဖြစ်တဲ့ Ms Meng Wanzhou ကို အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးရန် စောင်းဆိုင်းနေစဉ်အတွင်း အာမခံနဲ့ ပြန်လွှတ်ပေးထားရန် ကနေဒါတရားရုံးက ဒီဇင်ဘာ ၁၁ ရက်နေ့က ခွင့်ပြုခဲ့သည်။
အသက် ၄၆ နှစ်အရွယ် Ms Meng Wanzhou ဟာ အီရန်နိုင်ငံနဲ့ ချိပ်ဆက်မှုရှိတဲ့ နိုင်ငံတစ်ကာက ဘဏ်တွေကိုသုံးပြီး ငွေလွှဲပြောင်းမှုလုပ်ခဲ့တာတွေ ရှိတယ်လို့ အမေရိကန်တို့က စွပ်စွဲထားတာဖြစ်ပါတယ်။
ကနေဒါနိုင်ငံ ဘန်ကူးဗားတရားရုံးမှာ တရားသူကြီး William Ehrcke က Ms Meng ကို ကနေဒါဒေါ်လာ ၁၀ သန်းနဲ့ အာမခံပေးဖို့ အင်္ဂါနေ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အာမခံနဲ့ လွှတ်ထားတဲ့အချိန်အတွင်းမှာ သူမကို ၂၄ နာရီ လူကိုယ်တိုင် အနီးကပ်အစောင့်အရှောက်နဲ့ အီလက်ထရောနစ် စောင့်ကြည့်စနစ်တို့ တပ်ဆင်ပြီး လွှတ်ပေးထားမှာဖြစ်ပါတယ်။
အနီးကပ်အစောင့်အရှောက်များအဖြစ် သက်တော်စောင့် ၂ ဦး၊ ယာဉ်မောင်း ၁ ဦးတို့ဖြစ်ပြီး GPS အပါအဝင် အီလက်ထရောနစ်ပစ္စည်းများနဲ့ပါ အချိန်ပြည့် စောင့်ကြည့်ခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ည ၁၁ နာရီကနေ နံနက် ၆ နာရီအထိ အိမ်ပြင်မထွက်ရ ကာဖျူးအမိန့်ကို လိုက်နာရမှာဖြစ်ပါတယ်။
Ms Meng ကို ထိန်းသိမ်းထားတာ ၁၀ ညရှိပြီဖြစ်ပြီး သူမအနေနဲ့ အလွန်တုန်လှုပ်ခြောက်ခြားနေပြီး ငိုယိုလျှက် အသားတွေမှာလည်း အေးစက်နေကြောင့် သူမရဲ့ ဥပဒေအရာရှိက တွေ့ဆုံခွင့်ရစဉ်က အဖြစ်ပျက်ကို ပြန်ပြောပြပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ နောက်ထပ် တရားရုံးချိန်း ရှိတယ်လို့ ဟွာဝေးရဲ့ ထုတ်ပြန်ကြောညာချက်မှာ ဖော်ပြထားပါတယ်။
တရုပ်အစိုးရက Ms Meng ကို ချက်ခြင်းပြန်မလွှတ်ပေးပါက ကနေဒါနိုင်ငံအနေနဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အင်္ဂါနေ့မှာတော့ တရုပ်နိုင်ငံမှာရှိနေတဲ့ ကနေဒါနိုင်ငံသားတွေ ထိန်းသိမ်းခံထားရကြောင်း သိရှိရပြီး ဒါဟာ ဟွာဝေးအမှုနဲ့ ပက်သက်ပြီး တရုပ်တို့က လက်တုံ့ပြန်လိုက်တာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ရိုက်တာသတင်းအရ ထိန်းသိမ်းခံထားရသူတွေထဲမှာ ကနေဒါရဲ့ ဒီပလိုမက်သံအရာရှိဟောင်း Michael Kovrig ပါဝင်တယ်လို့ သိရှိရပါတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး တရုပ်နိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ဟောင်း Mr Guy Saint-Jacques ကို Michael Kovrig ထိန်းသိမ်းခံထားရတာနဲ့ ပက်သက်ပြီး အခုလို ထိန်းသိမ်းခံထားရတာဟာ တိုက်ဆိုင်မှု တစ်ခုလားလို့ မီဒီယာတွေက မေးမြန်ရာမှာ တရုပ်မှာ တိုက်ဆိုင်တယ်ဆိုတာ ဘာမှမရှိဘူး သူတို့က မက်ဆေ့တစ်ခုပို့ချင်ရင် ရောက်အောင်ပို့ပေးတယ် လို့ ဖြေကြားခဲ့ပါတယ်။