1. Home
  2. International News

ရဟန်းတစ်ပါး တောထဲမှာ တရားအားထုတ်နေစဉ် ကျားသစ်ဆွဲခံရကာ သေဆုံး

International News ธ.ค. 14, 2561 view 1,803

သစ်တောကြိုးဝိုင်း အတွင်းရှိ သစ်ပင်တစ်ပင်အောက်တွင် တရားအားထုတ် ကျင့်ကြံနေသော ဗုဒ္ဓဘာသာဝင် ရဟန်းတစ်ပါး ကျားသစ်ဆွဲခံရကာ သေဆုံးခဲ့ရကြောင်း အိန္ဒိယရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

အသက် ၃၅ နှစ်အရွယ် Rahul Walke Bodhi အမည်ရ ရဟန်းတစ်ပါးဟာ အိန္ဒိယနိုင်ငံ အနောက်ပိုင်းရှိ သစ်တောအတွင်း သစ်ပင်တစ်ပင်အောက်တွင် ဒီဇင်ဘာ ၁၁ ရက် အင်္ဂါနေ့က တရားအားထုတ်စဉ် ကျားသစ်ကိုက်ခံခဲ့ရခြင်းဖြစ်သည်။ ရဟန်းဟာ ဒဏ်ရာများပြင်းထန်စွာနဲ့ သေဆုံးသွားခဲ့သည်။ ယခုလို သစ်တောကြိုးဝိုင်းအတွင်း ကျားသစ်တိုက်ခိုက်မှုမှာ ၅ ကြိမ်မြောက်ရှိပြီဖြစ်သည်။


သေဆုံးခဲ့သော ရဟန်းနဲ့အတူ တရားအားထုတ်ခဲ့သော အခြားရဟန်း ၂ ပါးက ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး ရဲများက အလောင်းကို ရှာဖွေခဲ့ကြသည်။

ဖြစ်ပွားရာနေရာနှင့် မနီးမဝေး တောတွင်းတစ်နေရာမှာ အလောင်းကို ရုပ်ပျက်ဆင်းပျက်အခြေအနေနဲ့ ပြန်တွေ့ခဲ့ကြပြီး ကျားသစ်က ကုတ်ဖဲ့တိုက်ခိုက်ကာ တရွတ်တိုက်ဆွဲသွားခဲ့ဟန်တူကြောင်း ရဲအရာရှိဖြစ်သူ Krisna Tiwari က AFP သတင်းဌါနကို ပြောကြားခဲ့သည်။


အဆိုပါသစ်တောမှာ မိုင် ၅၁၀ ဝန်းကျင်ရှိပြီး မြို့တော်မွန်ဘိုင်းရဲ့ အနောက်ဘက်မှာ တည်ရှိပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ကျားသစ်တိုက်ခိုက်ခံရမှု ၄ ကြိမ်ဖြစ်ခဲ့ပြီးနောက် ကာကွယ်စောင့်ရှောက်နေသည့် သစ်တောကြိုးဝိုင်းလည်းဖြစ်သည်။ တိုက်ခိုက်မှု ဖြစ်စဉ်အားလုံးကို အဆိုပါကျားသစ် တစ်ကောင်ထဲက လုပ်ခဲ့တာလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါ။

တရားဝင်စာရင်းအရ အိန္ဒိယနိုင်ငံမှာ ကျားသစ်ကောင်ရေ ၁၂,၀၀၀ ကနေ ၁၄,၀၀၀ ကြား ရှိနိုင်ကြောင်း သိရှိရသည်။



Follow us on