1. Home
  2. International News

ကလေးငယ်အား ကြမ်းတမ်းစွာ နှစ်ခြင်းခံပေးသည့် ခရစ်ယာန်ဘုန်းကြီး အရေးယူခံရ (ရုပ်သံ)

International News ธ.ค. 14, 2561 view 1,715

ရုရှားနိုင်ငံက ခရစ်ယာန်(ဘတ်ပတစ်စ်)ဘုန်းတော်ကြီးတစ်ပါးက အသက် ၂ နှစ်အရွယ် မိန်းကလေးကို နှစ်ခြင်းခံပေးရာမှာ ကလေး၏ ကိုယ်အတွင်း မကောင်းဆိုးရွား ကပ်နေသည်ဟု ဆိုကာ ကြမ်းတမ်းစွာ ရေနှစ်ခဲ့သည့် မှတ်တမ်းရုပ်သံ ယခုသီတင်းပတ်အတွင်း အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး ဝေဖန်သူများ၊ ဒေါသထွက်သူများနဲ့ ပြည့်နှက်နေခဲ့သည်။

အဆိုပါရုပ်သံမှာ လွန်ခဲ့သော ၂ နှစ်ခန့်က အဖြစ်အပျက် ဖြစ်ခဲ့သော်လည်း ယခုသီတင်းပတ်အတွင်းမှာ အွန်လိုင်းပေါ်ရောက်လာပြီး ဝေဖန်ရှုံ့ချပြစ်တင်သူတွေ များပြားခဲ့တာကြောင့် ဘုန်းတော်ကြီးအား ဘာသာရေးတရားရုံးက အမှုဖွင့်စစ်ဆေးရန် ပြင်ဆင်နေပြီဖြစ်သည်။

ရုပ်သံအရ ရေထည့်ထားတဲ့ အိုးထဲမှာ ထည့်ထားတဲ့ ကလေးငယ်လေးဟာ ရေနှစ်ခံရတာကြောင့် ကြောက်လန့်တကြား အော်ဟစ်နေခဲ့ပြီး ဘုန်းတော်ကြီးက ကလေး၏ ခေါင်းကို အတင်းဖိချကာ ကြမ်းကြမ်းတမ်းတမ်း ရေနှစ်ခဲ့သဖြင့် ရေများ ဘေးသို့ အရှိန်နဲ့ ဖိတ်ကျခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အနီးနားမှာ ရှိတဲ့ မိဘဖြစ်သူနဲ့ ကြွရောက်ချီးမြှင့်သူတွေဆီကတော့ ရယ်သံလေးတွေ ထွက်လာတာကို ကြားရပါတယ်။

အဆိုပါရုပ်သံနဲ့ပက်သက်ပြီး မိခင်ဖြစ်သူက သူ့ရဲ့သမီးလေးကို ဘုန်းတော်ကြီးက နှစ်ခြင်းခံပေးခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်ကြောင်း၊ သမီးလေးက ဘုရားကျောင်းကို ပထမဦးဆုံးအကြိမ်ရောက်ဖူးတာကြောင့် ဘုန်းတောာ်ကြီးကိုလည်း ကြောက်ရွံ့နေကြောင်း အွန်လိုင်းမှာ ရေးသားခဲ့ပါတယ်။

မိခင်တစ်ယောက်အနေနဲ့ ကိုယ့်သားသမီးကို မျက်စိရှေ့မှာတင် အခုလို ကြမ်းကြမ်းတမ်းတမ်း ပြုမူနေတာကို သဘောကျနေတာ ဘယ်လိုစိတ်မျိုးပါလိမ့်လို့ သူမကို ပြန်လည် ပြစ်တင်ဝေဖန်သူတွေလည်းရှိခဲ့ပါတယ်။


အဆိုပါရုပ်သံဟာ မကောင်းသတင်းနဲ့အတူ ပျံ့နှံ့ခဲ့ပြီးနောက် ရုရှားခရစ်ယာန်အသင်းတော်က ရုပ်သံမှာ နှစ်ခြင်းခံပေးခဲ့တဲ့ ဘုန်းတော်ကြီး “Llia Semiletov” ကို အရေးယူဖို့ စီစဉ်ခဲ့ပါတယ်။ အသင်းတော်က ဂိုဏ်းအုပ် ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ Mikhal Samokhin က ဒီဘုန်းကြီးရဲ့ လုပ်ရပ်ဟာ တစ်အားကြမ်းတမ်းလွန်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ သာသနာရေးလုပ်ငန်းတာဝန်တွေကို လက်ရှိမှာ ရပ်ဆိုင်းခံထားရပြီး ဘာသာရေးတရားရုံးမှာ အမှုကို ဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်း သိရှိရသည်။



Follow us on