ပြိုင်ပွဲဝင် မယ် ၉၃ ဦးကိုဖြေတ်ကျော်ကာ ၂၀၁၈ ခုနှစ်အတွက် မယ်စကြဝဠာဘွဲ့ကို ဖိလစ်ပိုင်နိုင်ငံမှ Catriona Gray က ဆွတ်ခူးသွားခဲ့ပါတယ်။ တနင်္လာနေ့ နံနက်ပိုင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Imapct Arena မှာ ကျင်းပခဲ့ပြီး Catriona Gray ဟာ ဖိလစ်ပိုင်နိုင်ငံအတွက် စတုတ္ထမြောက် သရဖူဆောင်းနိုင်ခဲ့တဲ့ မယ်တစ်ဦးဖြစ်ခဲ့ပါတယ်။
သူမအတွက် သူရဖူကို ၂၀၁၇ ခုနှစ် မယ်စကြဝဠာ Demi-Leigh Nel-Peters (တောင်အာဖရိကမယ်) က ဆောင်းပေးခဲ့ပါတယ်။ ဒုတိယဆုကို တောင်အာဖရိကမယ်က ဆွတ်ခူးခဲ့ပြီး ဗင်နီဇွဲလားမယ် က တတိယနေရာကိုရရှိခဲ့ပါတယ်။
ပွဲစဉ်တစ်လျှောက် နာမည်ကြီးလူကြိုက်များခဲ့ပြီး Winner ဖြစ်နိုင်တယ်လို့ မျှော်မှန်းထားကြတဲ့ ဗီယက်နမ်မယ်နဲ့ ဖြစ်နိုင်တယ်လို့ မျှော်မှန်းထားကြတဲ့ ဗီယက်နမ်မယ်နဲ့ ပူရာတိုရီကိုမယ် နှစ်ဦးကတော့ ကျန်ခဲ့ပါတယ်။
Top 3 နောက်ဆုံးယှဉ်ပြိုင်မှုမှာ အလှမယ်အားလုံးကို သူတို့ရဲ့ဘဝမှာ ရရှိခဲ့တဲ့ အကောင်းဆုံးသင်ခန်းစာက ဘာလဲလို့ တူညီတဲ့ မေးခွန်းကို မေးမြန်ခဲ့ရာမှာ Gray က မနီလာမြို့မှာရှိတဲ့ တွန်ဒိုရဲ့ ဆင်းရဲသားရပ်ကွက်မှာ အလုပ်လုပ်ခဲ့စဉ် ကလေးတွေ ပြုံပျော်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အကြောင်းကို အခြေခံပြီး ဖြေကြားသွားခဲ့ပါတယ်။
Catriona Gray ဟာ ဖိလစ်ပိုင်နိုင်ငံအတွင် စတုတ္ထအကြိမ်မြောက် Miss Universe ကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး Gloria Diaz (1969), Margie Moran (1973) နဲ့ Pia Wurtzbach (2015) တို့က Winner တွေ ဖြစ်ခဲ့ကြပါတယ်။