1. Home
  2. International News

ပိရမစ်ထိပ်ဖျားတွင် မဖွယ်မရာဓါတ်ပုံရိုက်ရန် ပံ့ပိုးကူညီခဲ့သူနှစ်ဦးအား ဖမ်းဆီး

International News ธ.ค. 17, 2561 view 1,813

အီဂျစ်နိုင်ငံ ဂီဇာရှိ အစဉ်အလာကြီးအားသည်း ပိရမစ်ထိပ်ဖျားသို့ စုံတွဲတစ်တွဲ တရားမဝင်ခိုးတက်ပြီး မဖွယ်မရာ ဓါတ်ပုံနဲ့ ရုပ်သံရိုက်ကူးခဲ့သော အမှုအတွက် ယင်းစုံတွဲအား ကူညီပံ့ပိုးပေးခဲ့သူနှစ်ဦးကို အီဂျစ်အာဏာပိုင်တို့က ဖမ်းဆီးလိုက်ပြီဖြစ်သည်။


ကုလားအုပ်မောင်းနှင်သူနဲ့ အမျိုးသမီးတစ်ဦးအား ပိရမစ်ထိပ်ဖျားသို့ ရောက်အောင် ကူညီပံ့ပိုးခဲ့မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်း ၄၅၀၀ ရှိပြီဖြစ်တဲ့ ပိရမစ်ပေါ်သို့ တက်ကာ ကိုယ်လုံးတီးပုံများ ရိုက်ကူးရန် ရည်ရွယ်ချက်ဖြင့် ဒိန်းမတ်ဓါတ်ပုံဆရာက အီဂျစ်ပိုက်ဆံ ၄၀၀၀ (အမေရိကန်ဒေါ်လာ ၂၂၃) တို့ကို နိုဝင်ဘာ ၂၉ ရက်နေ့က ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ကုလားအုပ်မောင်းနှင်သူနဲ့ အဆိုပါစုံတွဲကို ချိပ်ဆက်ပေးခဲ့တဲ့ အမျိုးသမီးကိုလည်း အမှုမှာ ပါဝင်ပက်သက်မှုဖြင့် ဖမ်းဆီးခဲ့သည်။

နိုဝင်ဘာလအတွင်းက ရိုက်ကူးခဲ့သော ပိရမစ်ထိပ်မှ ကိုလုံးတီးပုံနှင့် ရုပ်သံကို ဒီဇင်ဘာ ၈ ရက်နေ့တွင် You Tube ပေါ်တင်ကာ ပျံ့နှံ့ခဲ့ပြီးနောက် အီဂျစ်နိုင်ငံ ရှေးဟောင်းဝန်ကြီးဌါနမှ ဝန်ကြီး Khaled El-Anany ကိုယ်တိုင် အရေးယူရန် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။


အဆိုပါ ရုပ်သံမှာတော့ စုံတွဲနှစ်ယောက်ဟာ ပိရမစ်ထိပ်ရောက်အောင် တွယ်တက်ခဲ့ပြီး အပေါ်အရောက်မှာတော့ ကိုယ်လုံးတီးချွတ် ပုံတွေ ရိုက်ခဲ့တာဖြစ်ပါတယ်။



Follow us on