1. Home
  2. International News

မဟတ္တမဂန္ဒီကို လူမျိုးရေးခွဲခြားသူဟု စွပ်စွဲကာ ရုပ်တုကိုဖြိုချ

International News ธ.ค. 17, 2561 view 1,616

အိန္ဒိယနိုင်ငံခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ဟာ လူမျိုးရေးခွဲခြားသူဖြစ်ကြောင်း တက္ကသိုလ်နည်းပြဆရာများက စွပ်စွဲခဲပြီးနောက် ဂါနာတက္ကသိုလ်ကျောင်းဝင်းအတွင်း စိုက်ထူထားသော ဂန္ဒီ၏ ရုပ်တုကို ဝိုင်းဝန်းဖြိုချခဲ့ပါတယ်။


တောင်အာဖရိကနိုင်ငံ ဂါနာတက္ကသိုလ်က နည်းပြဆရာများ အဖွဲ့အစည်းဟာ ဂန္ဒီရဲ့ ရုပ်တုကြီးကို ကျောင်းဝန်းအတွင်းက ဖယ်ရှားရန် လှုပ်ရှားမှုကို လွန်ခဲ့သည့် ၂ နှစ်ခန့်ထဲက စတင်ခဲ့ကြပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ သူတို့ကိုယ်တိုင်ပဲ ဖြိုဖျက်ခဲ့ကြပါတယ်။


အဆိုပါ ရုပ်တုကို ၂၀၁၆ ခုနှစ် ဇွန်လက အိန္ဒိယသမ္မတဟောင်း Pranab Mukherjee က ကျောင်းသားများအား ခွန်အားဖြစ်စေသည့် မိန်ခွန်းပြောကြားပြီး ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ နည်းပြဆရာတွေက ဒီရုပ်တုကို ကျောင်းအတွင်းကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ဂန္ဒီ ဟာ လူမျိုးရေးခွဲခြားသူဖြစ်လို့ အခုလိုတောင်းဆိုရတာဖြစ်ပြီး အဲဒီရုပ်တုနေရာမှာ အာဖရိကသူရဲကောင်းတစ်ဦး အစားထိုးပေးပါလို့ ဖော်ပြထားကြောင်း ဘီဘီစီသတင်းက ရေသားထားပါတယ်။

 


ဒီအပြင် ဂန္ဒီ ရဲ့ စာပေအရေးသားတွေကိုလည်း ရှုံ့ချခဲ့ပြီး တောင်အာဖရိကလူမည်းတွေကို ‘kaffirs’ ဆိုတဲ့ ရင်းသီးတဲ့ အသုံးအနှုန်းနဲ့ ရေးသားခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။

ဂါနာတက္ကသိုလ်က နည်းပြဆရာတွေကသာ ဂန္ဒီရဲ စာပေအရေးအသားကို ကန့်ကွက်ရုံတင်မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း မလာဝီ မှာ ဂန္ဒီရဲ့ ရုပ်တုကြီး တည်ဆောက်နေစဉ် လူပေါင်း ၃၀၀၀ ကျော်က ဝိုင်းဝန်း လက်မှတ်ထိုးကာ ကန့်ကွက်ခဲ့တာကြောင့် ရုပ်တုကို ဆောက်လုကပ်နေရင်းကနေ ရပ်ထားပစ်ခဲ့ရပါတယ်။ ဂန္ဒီ ဟာ လူမည်းတွေကို ယဉ်ကျေးမှုမရှိသော လူရိုင်းတွေအဖြစ် ပုံဖော်ရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဖြစ်ပါတယ်။



Follow us on