1. Home
  2. International News

၃ နှစ်အရွယ် ကလေးငယ် အဝတ်လျှော်စက်ထဲ ထည့်ပိတ်ခံရကာ သေဆုံး

International News ธ.ค. 17, 2561 view 2,003

အသက် ၃ နှစ်အရွယ် ကလေးငယ်လေးကို ဝမ်းကွဲတော်စပ်သူ ကလေးများက အဝတ်လျှော်စက်ထဲသို့ ထည့်ပိတ်လှောင်ခဲ့သဖြင့် အသက်ရှုမွမ်းကြပ်ကာ သေဆုံးခဲ့မှု ရုရှားနိုင်ငံ ဂတ်ဘ်ကင်စကီ တွင် ဖြစ်ပွားခဲ့သည်။

မိဘများ အိပ်ပျော်နေစဉ် ကလေးအိပ်ယာထဲတွင် ရှိနေသော ၃ နှစ်သား ကလေးကို သူထက် အသက်ကြီးသော ဝမ်းကွဲဆွေမျိုးများက ကစားရန် ခေါ်ထုတ်သွားခဲ့ပြီးနောက် အဝတ်လျှော်စက်ထဲ ထည့်ပိတ်ထားခဲ့တာဖြစ်ပါတယ်။

မိဘများနိုးလာချိန်တွင် ကလေးကို မတွေ့လို့ လိုက်ရှာကြည့်မှ အဝတ်လျှော်စက်အတွင်း သေဆုံးနေသော သားငယ်ရဲ့ အဖြစ်ဆိုးကိုထိတ်လန့်စွာနဲ့ မြင်တွေ့ခဲ့ကြရပါတယ်။ ကလေးငယ်ဟာ အဝတ်လျှော်စက်ထဲမှာ လှောင်ပိတ်ခံရတာကြောင့် အသက်ရှူမွမ်းကြပ်ကာ သေဆုံးသွားရခြင်းဖြစ်သည်။

ကလေးများဟာ တူတူပုန်းတမ်း ကစားခဲ့ကြဟန်တူပြီး အငယ်ဆုံးဖြစ်တဲ့ ကလေးလေးကို အဝတ်လျှော်စက်ထဲထည့်ပိတ်ကာ ထားခဲ့ရာမှ သေဆုံးခဲ့ဟန်တူကြောင်း ကောက်ချက်ချထားပြီး အမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယခုလိုအဖြစ်ဆိုးမျိုးဟာ ရုရှားနိုင်ငံတွင်  ဆယ်ရက်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သည့် အပတ်ကလည်း အသက် ၉ နှစ်အရွယ် ကလေး အိမ်မှာ တစ်ယောက်ထဲရှိနေစဉ် အဝတ်လျှော်စက်ထဲ ပြုတ်ကျကာ ပိတ်မိခဲ့ပြီး သေဆုံးခဲ့ရသေးသည်။



Follow us on